Part 1 (Unicode)

1.1K 70 2
                                    

အပိုင်း(၁)-

ရန်ကုန်လေဆိပ်တွင် ခြေချလိုက်ခြင်းနှင့်အတူ မြန်မာပြည်ကိုပြန်ရောက်လာပြီဟူသောအသိစိတ်သည် ယခင်ကလို နေခြည်နွေးကိုလန်းဆန်းမှု၊နွေးထွေးမှုတို့မပေးနိုင်တော့။ ယခုအခါမြန်မာပြည်ကြီးကလဲ တိုကျို မြို့နှင့် ထူးမခြားနား။ နေခြည်နွေးအဖို့ အစိမ်းသက်သက်ကြီးလိုဖြစ်နေသည်။ ခြေလှမ်းတို့မှာလဲတက်ကြွခြင်းအလျင်းမရှိတော့။

မေမေ့အိမ်နဲ့နီးလာလေ၊ နေခြည့်စိတ်တွေထိန်းချုပ်ဖို့ခက်လာလေ၊ နေခြည်ပိုဝမ်းနည်းရလေပင်။

"နွေးနွေး..."

လေဆိပ်အပြင်ဘက်တွင်အသင့်စောင့်ကြိုနေသောဦးတူးက နေခြည့်ကိုလှမ်းခေါ်သည်။ ပြီးနောက် နေခြည်ရဲ့ခရီးဆောင်အိတ်ကိုလာသယ်ကူရှာသည်။ ဦးတူးသည် ယခင်လိုသန်သန်မာမာမရှိတော့။ ကြွက်သားများနှင့်တင့်တယ်ခဲ့ဖူးသော ဦးတူးရဲ့လက်မောင်းတို့ဟာ ယခုဆိုအသားတို့ပင်တွဲကျနေပေပြီ။

"နွေးနွေး သမီးလေးနေကောင်းရဲ့လား။"

"မေမေ့ကိုဘယ်တော့သင်္ဂြိုလ်ကြမှာလဲဦးတူး"

အမေးနှင့်အဖြေမတူညီသော်လဲ ဦးတူးကသက်ပြင်းလေးခိုးချလိုက်ရင်း...

"မနက်ဖြန်ပဲမမလေးကိုမီးသင်္ဂြိုလ်မှာနွေးနွေး။ သမီးလေးအချိန်မှီရောက်လာတာပဲ။"

နေခြည်ဘာမှဆက်မပြောတော့ပဲ အပြင်ဘက်ကိုသာငေးနေလိုက်သည်။

"မေမေဆုံးပြီ" ဟူသောသတင်းကိုကြားကြားချင်း နေခြည်ဆောက်တည်ရာမရဖြစ်ခဲ့ပြီးပြီ။ တစ်ညလုံးလဲငိုခဲ့ပြီးပြီ။ နေခြည့်ရဲ့ချစ်သူ Roseကတော့နှစ်သိမ့်ပေးရှာပါသည်။

"အရာရာဘုရားသခင်အလိုကျပေါ့အချစ်ရယ်။ သူကောင်းကင်ဘုံမှာရှိနေမှာပါ။"တဲ့လေ။

Roseဘက်ကနှစ်သိမ့်ပေးနေခဲ့သော်လဲ နေခြည်မေမေ့ကိုမြန်မာပြည်တွင်ထားခဲ့သည်ကို နောင်တရ၍မဆုံး။

ကားပေါ်တွင် ငြိမ်သက်စွာပါလာသောနေခြည်။ ရန်ကုန်မြို့ကြီးရဲ့လူရှုပ်ရှုပ်လမ်းမကြီးကိုကြည့်ရင်း အသံတိတ်မျက်ရည်တစ်ချို့က နေခြည့်ပါးပေါ်သို့လိမ့်ဆင်းကျလာကြသည်။ သို့သော်နေခြည်ထိုမျက်ရည်စက်တို့ကိုမသုတ်မိ။ သုတ်ရန်ပင်မေ့လျော့နေခဲ့ပြီ။ ဘဝမှာဘယ်အချိန်က မေမေ့ရဲ့နောက်ဆုံးပွေ့ဖက်မှုတို့ကိုရခဲ့တာလဲ။

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now