Part 5(Unicode)

482 41 2
                                    

အပိုင်း(၅)-

"ကဲ ချစ်ချစ်။ ညီမပြောချင်တာပြောလို့ရပြီ။ ဘိုးစံကဘယ်လိုဆုံးသွားတာလဲ။"

ကိုဘိုးစံအကြောင်းကြားတော့ ချစ်ချစ်မျက်ဝန်းထက်တွင်ချက်ချင်းပင်မျက်ရည်တို့ဝေ့ဝဲလာသည်။ ထို့နောက် ငိုသံစွက်သော အသံခပ်တင်းတင်းဖြင့်

"မမရယ်။ သူကချစ်ချစ်မီးဖွားကာနီးတုန်းကပိုက်ဆံမရှိလို့တဲ့လေ။ သစ်ခုတ်ပြန်လိုက်တယ်မမရယ်။ ချစ်ချစ်မီးဖွားတဲ့နေ့မှာပဲ သစ်ပင်ပေါ်ကပြုတ်ကျပြီး အသက်ပါဆုံးပါရောမမရယ်။"

ပြောရင်းက ချစ်ချစ်၏ပါးပြင်ပေါ်သို့မျက်ရည်ပေါက်တစ်ချို့စီးဆင်းသွားလေသည်။ ဒေါ်ဝင်းလဲ့က ချစ်ချစ်ရဲ့လက်ကလေးကိုဆွဲဆုပ်ကိုင်လိုက်ရင်း...

"ညီမရယ်။ အစ်မစိတ်မကောင်းပါဘူး။ အခုကော ဘယ်လိုပြသနာဖြစ်လာတာလဲ။"

"ဒီလိုပါမမရယ်။ ကိုဘိုးစံမရှိတော့တဲ့နောက် ကျွန်မကလယ်လဲမလုပ်တတ်၊ ယာလဲမဖြစ်မြောက်နဲ့ သီးနှံတွေအရှုံးပေါ်ပြီး အကြွေးတွေတင်လာတယ်။ အဲ့တာ ရှိတာလေးတွေတစ်တိတစ်တိထုတ်ရောင်းရင်း အခုနေစရာအိမ်ပါမရှိတော့ဘူးမမရယ်။ အဲ့တာ ညီမရဲ့သမီးချယ်ရီခက်ကို မမဆီမွာခဏထားခဲ့ပါရေစ။ ညီမနေစရာအဆင်ပြေတဲ့အခါကျတော့လာခေါ်ပါ့မယ်မမရယ်။"

"နေစရာများညီမရယ်၊ အစ်မအိမ်မှာနေပေါ့။ လခကိုတော့ညီမနဲ့ညှိနှိုင်းလို့ရတာပဲ။"

"မဟုတ်တာမမရယ်။ ညီမဘာသာနေရာသပ်သပ်ရှာပါ့မယ်။ မမကိုလဲဒုက္ခမပေးချင်ဘူးလေ။"

"ငွေရေးကြေးရေးကကော..."

"ပိုက်ဆံတော့မရှိဘူးပေါ့မမရယ်။ အဲ့တာ မမ,တတ်နိုင်ရင် တစ်ရာလောက်ချေးပါလား။"

"ကိုယ့်လူချင်းပဲ အစ်မကြံပေးရမှာပေါ့။"

"ကျေး... ကျေးဇူးတင်လိုက်တာအစ်မရယ်။"

"အော်...ငါ့ညီမရယ်။ ရပါတယ်။ ဒါနဲ့ ညီမဘယ်တော့ပြန်လာမှာလဲ။"

"မကြာပါဘူးမမရယ်။ တစ်ပတ်နှစ်ပတ်ပဲ။ ဈေးကုန်းဘက်မှာ နေစရာလေးသွားရှာကြည့်မလို့ပါ။"

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now