Part.18.

4.4K 741 127
                                    

Zawgyi+Unicode

...

ခဏ. ခဏလေးပါဗျာ အိမ်ထဲ တစ်ချက်လေးပဲ ၀င်ခွင့်ပြုပါ.ခြေတစ်လှမ်းစာလောက်လေးပဲ လေ''

ပြောရင်းဆိုရင်းအိမ်ထဲလှမ်းလာပြန်တဲ့ မန်နေဂျာလေးရဲ့ခြေတံတိုတိုလေးကို ခဲတလက်တံရှည်တွေဖြင့် ဖမ်းလိုက်ရပြန်သည် ။

ဘာKR entertainmentဆိုလား ဘာ ​ဖျော်ဖြေရေး ဆိုလား မှ ဘယ်လို ကြီးကျယ်​သော စိန်တုံးအနုပညာရှင်များ ရဲ့သူတို့ ဆီအလုပ်လာလုပ်ဖို့ အပြိုင်အဆိုင်ကမ်းလှမ်းခြင်းကိုတောင်ခံနေရပါသည်ဟု

သူ့ ဟာသူရဲရဲကြီးအာမခံနေသည့် ထို မန်နေဂျာလူသည် ခဲတရဲ့ ကလန်ကလားအရပ်ကို ကျော်လွန်ပြီး
အိမ်ထဲဝင်လာရဖို့ က သူ့ အသက်က အိမ်ထဲမှာ ထည့်ဖွက်ခြင်းခံထားရသည့်ပမာ ပြာတိပြာယာဖြစ်လို့ေ နသည် ။

"လုပ်ပါဗျာ ''

သူ့လုပ်ပါဗျာက..

"၁၂ထိုးတော့မယ်ဗျ.''

ခဲတပိတ်ဟောက်ပလိုက်သည်။ လာတဲ့အချိန်လည်း ကြည့်ကြဦး!

တကယ်တော့မန်နေဂျာလေးမှာလည်း သူ့ အကွက်နဲ့ သူ.။

ကျော်ကြားလှသည့်သီချင်းများ၏ ​နောက်ကွယ်မှ ဖန်တီးရှင် သီချင်းရေးဆရာနဲ့ စာချုပ်ပင်ချုပ်ဆိုခဲ့ကြပါသော်လည်း
သူတို့ ခမျာမျက်နှာလေးတောင်တွေ့ ခွင့်မရ ..

ဆာဝါမူရာဆိုသည့်ခပ်ချချေလူတစ်ယောက်သာ ထိုသီချင်းရေးဆရာ ၏ တာဝန်ခံကိုယ်စားလှယ် မန်​နေဂျာ အ​ထွေထွေရေးရာ ဆိုကာရောက်ချလာသည် ။

ဆာကူရာတမ်းချင်း ဟူသည့် သီချင်း ခက်ခဲလွန်းသည့် သံစဉ်အကွေ့ အကောက်များကြောင့် ဆိုနည်းဟန်ကို မေးတုန်းကလည်း

Voice mail မှတစ်ဆင့်ပေးပို့ လာသည့် ဆီးနှင်းပွင့် လေးနှင့် တူသည့် အသံအေးအေးလေးမှလွဲ မည်သူဖြစ်ကြောင်းအထောက်အထားပင်ပြမလာ ။

လနှင့်ချီ သီချင်းသစ်ထပ်မရတော့သည့်အပြင် အဆက်အသွယ်ကိုလုပ်မရတော့တာကြောင့်
တစ်ခြားAgency နဲ့ များချုပ်ဆိုသွားလေပြီလား ဟု..

ပူပန်ကြကာ ရအောင်ရှာပြီး စာချုပ်အသစ်ထပ်ချုပ်ဆိုလာရန် အထက်မှ မန်နေဂျာလေးအား မိမိအရပ်နောက်ဘ၀အထိ ပင် ထပ်မထွက်နိုင်တော့အောင်ကို ဖိအားပေးလေတော့သည် ။

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now