Part (1)

14.7K 628 7
                                    

Unicode

ကျွန်တော့်နာမည်က ဝမ်ရိပေါ်။ ကျွန်တော်က professional dancer တစ်ယောက်။ tracer 85 ဆိုတဲ့နာမည်နဲ့ racer တစ်ယောက်ဆိုလဲဟုတ်တယ်။ ပြောရရင်တော့ ကျွန်တော်က ကျွန်တော့်ဘဝကို ဝါသနာပါတဲ့အရာတွေလုပ်ရင်း အောင်မြင်နေတဲ့သူ။ ကျွန်တော့်အတွက် ငွေ၊ဂုဏ်၊မိဘ အကုန်ပြည့်စုံတယ်။ အချစ်တော့မတွေ့ခဲ့ဘူးပေါ့ဗျာ။ဒါပေမဲ့........တစ်နေ့မှာ ကျွန်တော့နှလုံးသားကို ပိုင်စိုးမဲ့သူကိုတွေ့ခဲ့တယ်။ သူ့ကိုစတွေ့တဲ့အချိန်က ကျွန်တော့နှလုံးသားလေး ကျွမ်းပြန်သွားတဲ့အချိန်ပေါ့။...တကယ်ပါအဲ့ဒီအချိန်အခိုက်အတန့်လေးမှာ ကျွန်တော့ဘဝရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစလေးတစ်ခုကို တွေ့လိုက်ရသလိုပဲ။ ကျွန်တော့်ရဲ့ အချစ်ကလေ နှုတ်ခမ်းအောက်မှာမှဲ့လေးနဲ့..........။

အဲ့ဒီနေ့က ဝမ်ရိပေါ် ဆိုင်ကယ်ပြိုင်ပွဲမှာ စက်ချို့ယွင်းမှုကြောင့် ဆက်မပြိုင်ဖြစ်ခဲ့ဘူး။ သူအရမ်းမျှော်မှန်းထားတဲ့ပွဲမို့ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေခဲ့တယ်။ နားနေခန်းမှာ ဆိုင်ကယ်ဦးထုပ်ဝတ်ထားရက်သားနဲ့ ကလေးငယ်လေးလို ရှိုက်ငိုနေခဲ့တာ ဝမ်ရိပေါ်ရယ်ပေါ့။

သူအိမ်ပြန်ရောက်တော့ စိတ်ပြေလက်ပျောက် ဖုန်းသုံးလိုက်တယ်။ ဆိုင်ကယ်နဲ့ street dance အကြောင်းတွေပဲပြည့်နေတဲ့ သူ့ဖုန်းရဲ့ new feed မှာ ဗီဒီယိုလေးတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်တယ်။

ကောင်လေးတစ်ယောက် ဂီတာလေးတီးရင်းသီချင်းဆိုနေတာ။ ဒါသိပ်မထူးခြားသေးဘူး။ ထူးခြားတာက သူ့ရဲ့မျက်နှာလေး။ ချစ်ဖို့ကောင်းတဲ့ ယုန်သွားပိုင်ရှင်ကောင်လေးက နှုတ်ခမ်းအောက်မှာမှဲ့လေးနဲ့။ တစ်ချက်ပြုံးလိုက်တိုင်း ရိပေါ်ရဲ့ စိတ်အာရုံက ထိုနှုတ်ခမ်းပါးလေးမှာ တွယ်ငြိတယ်။ နောက်မှ သူဆိုနေတဲ့ သီချင်းလေးကို နားထောင်ဖို့သတိရတယ်။ ရုပ်ရည်နဲ့တင် ရိပေါ်ကို အသက်ရှူရပ်စေတဲ့ ကောင်လေးက ချိုသာတဲ့ အသံလေးနဲ့ ပြုစားပြန်သတဲ့။ သူဆိုနေတဲ့ သီချင်းလေးက Try Again

"Hush...now don't you cry....
There will be a better day
I promise you
Someday you will find what you're searching for
Try again
Never stop believing
Try again
Don't give up on your love
Stumble and fall
Is that heart of it all
When you fall down
Just try again

Have You Ever Been In Love?Where stories live. Discover now