Unicode
"ကျန့်ကော..ကျွန်တော်ရောက်ပြီဆင်းလာခဲ့တော့"
ဒီနေ့ ရိပေါ်ကသူနဲ့အပြင်ထွက်ဖို့တောင်းဆိုထားတော့...မဟုတ်သေးဘူး အကျပ်ကိုင်တယ်ဆိုပိုမှန်မယ်။ အဲ့ဒါကြောင့် ရှောင်းကျန့်စောစောထပြင်ဆင်ပြီးစောင့်နေတာ။ သွားချင်လွန်းလို့တော့မဟုတ်ပါဘူး။ ဝီရိယရှိတယ်ခေါ်တာပါ...ဟုတ်တယ်...ကျွန်တော်ကလိုက်ချင်တာမဟုတ်ဘူး.....။
ရိပေါ်ဖုန်းဆက်တော့ ရှောင်းကျန့် အောက်ထပ်ကိုဆင်းလာခဲ့တယ်....ဆိုင်ကယ်ကြီးပေါ်ကားယားခွပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ရိပေါ်က ဓာတ်ပုံရိုက်ခံနေသလို...ပဲတွေများနေတယ်။
"သူ့ကိုယ်သူ photo shooting ရောက်နေတယ်များမှတ်နေလားမသိဘူး"
"ကျန့်ကော....အယ် အလှတွေပြင်လာတယ် ကျွန်တော့ကို ပြချင်လို့လား"
"ဖြစ်ရလေတယ်...ငါကအလှပြင်စရာလား မိန်းကလေးမှမဟုတ်တာ"
"ဟုတ်လား...ကျွန်တော့်မျက်စိထဲမှာ...ကောကအမြဲလှနေတာ..."
ရိပေါ်ရဲ့ ရိသဲ့သဲ့စကားတွေကြောင့် ရှောင်းကျန့်မျက်နှာရော နားရွက်တွေပါရဲလာတယ်။
ရှက်လို့မဟုတ်ဘူး။ဒေါသထွက်သွားလို့ဗျ ခင်ဗျားတို့ အထင်မလွဲနဲ့။"ရော့...ကျန့်ကော ဦးထုပ်ဆောင်း...လာတက်"
ရှောင်းကျန့် ဆိုင်ကယ်တစ်ခါမှ မစီးဖူးတော့ နဲနဲလန့်နေတယ်။ သတိထားမိပုံရတဲ့ ရိပေါ်က
"ကျန့်ကော မကြောက်ပါနဲ့ ကျွန်တော်ဖြေးဖြေးမောင်းမှာပါ သေချာကိုင်ထား"
ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ ရိပေါ်က သူ့ဆိုင်ကယ်ပေါ်က ယုန်ဖြူလေးကို အသားယူဖို့ ရည်ရွယ်ချက်ကြီးနဲ့။
အကင်းပါးတဲ့ ယုန်ပေါက်က သူ့လက်ကို ရိပေါ်ပုခုံးပေါ်မှာပဲတင်ထားတယ်။ အကြံနဲ့ ရိပေါ်က ရုတ်တရက်ဆောင့်ထွက်လိုက်တော့ ရှောင်းကျန့်ခေါင်းနဲ့ရိပေါ်ခေါင်းနဲ့ မိတ်ဆက်သွားတယ်။ ဦးထုပ်တွေခံနေတော့ ခွပ်ခနဲမြည်သံကလွဲလို့ ဘာမှမဖြစ်လိုက်ဘူး။ ရိပေါ်ဖြစ်ချင်တာက သူ့ကိုကိုက ရိပေါ်ခါးကိုဖက် ရိပေါ်က သူ့ကိုကိုရဲ့ ရင်ခွင်ထဲဝင်ပြီး roချင်တာ ခုတော့ ကိုကိုက သူ့ပုခုံးကိုပဲကိုင်ထားပြီး ကြားထဲမှာ တစ်မိသားစုလုံးခေါ်တင်လို့ရတဲ့အထိဝေးနေတယ်။ စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျတော့ ရိပေါ်လေးမပျော်တော့ဘူး။
YOU ARE READING
Have You Ever Been In Love?