🚨🚨🚨(ရှာဖတ်လို့ အဲလေ ရှောင်ဖတ်လို့ရအောင် warning ပေးလိုက်ပါတယ်)
Unicode
ရိပေါ်နဲ့ ရှောင်းကျန့် တစ်နေကုန်လည်ပြီးတော့ ဟိုတယ်နောက်တစ်ခုမှာ သွားနေလိုက်ကြတယ်။ အရင်ဟိုတယ်ပဲဆိုရင် မလိုလားအပ်တဲ့ သတင်းတွေထွက်သွားနိုင်သည်လေ။
"ကိုကို မှတ်ပုံတင်ပြတဲ့"
"ဟင်...အင်း"
ရှောင်းကျန့်က သူကိုယ်တိုင် ဘာကြောင့်မှန်းမသိဘဲ ခိုးရာလိုက်လာတဲ့ အပျိုဖြန်းလေးလို ကတုန်ကယင်ဖြစ်နေတယ်။
"လာ...သွားမယ်ကိုကို"
"အင်း"
Couple bedroom ကိုငှားလိုက်တာကြောင့် အခန်းထဲ ဝင်လိုက်တာနဲ့ ပြင်ဆင်ထားတဲ့ ပန်းတွေဝိုင်ခွက်တွေက ရိပေါ်ကို မျက်နှာပူစေတယ်။ ရှောင်းကျန့်မှာလဲ မျက်နှာကြီးရဲလို့။
"ကိုကို ရေအရင်ချိုးလိုက်မလား"
"ဟင်...ဘာ...ဪ...အင်း"
ဆောက်တည်ရာမရဖြစ်နေတဲ့ ရှောင်းကျန့်က အခန်းတံခါးဝဆီကို လျှောက်သွားလိုက်ပြီးမှ သူမှားမှန်းသတိရတယ်။
"အယ်...ရေချိုးခန်းက ဒီဘက်မှာ...မှားသွားလို့...အဟမ်း"
ရိပေါ်က ရှောင်းကျန့်ဖြစ်နေပုံကိုကြည့်ပြီး စချင်လာတယ်။
"ကိုကို ကျွန်တော့်အကူအညီလိုသေးလား"
"ဟင်...ဘာကို"
"ရေချိုးဖို့လေ အချိန်ကုန်လဲသက်သာအောင်တူတူချိုးကြမလား"
"ကိုကိုမြန်မြန်ချိုးလိုက်ပါ့မယ် မကြာစေရဘူး"
ရှောင်းကျန့်က ရေချိုးခန်းထဲ အမြန်ပြေးဝင်ပြီး လော့ချလိုက်တယ်။ ခဏနေတော့ ပြန်ထွက်လာပြီး ရိပေါ်ကို ရေချိုးခန်းထဲ တွန်းထည့်လိုက်တယ်။ရိပေါ်က သူ့ကိိုကိုလုပ်သမျှကို ဘာမှမပြောဘဲ ရယ်သို့သာကြည့်နေတယ်။ ရိပေါ်ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်မှာ စောင်အောက်ထဲ ဝင်နေတဲ့ ယုန်ပေါက်ကိုတွေ့တယ်။
"ကိုကို...အိပ်တော့မလို့လား အစောကြီးရှိသေးတယ်"
"အိပ်ချင်နေလို့....ဝှား"
YOU ARE READING
Have You Ever Been In Love?