Part (14)

3K 285 0
                                    

Unicode

ရိပေါ် ဗိရိုထဲက အင်္ကျီကို ဝှီးချဲပေါ်ကနေ မမှီမကန်းနဲ့ လှမ်းယူနေတယ်။ ထိုင်လျက်နဲ့မမှီတော့ မတ်တတ်ထပြီး လှမ်းအယူ ​ကျောက်ပတ်တီးကိုင်ထားရတဲ့ ခြေထောက်က ဟန်ချက်ပျက်ပြီး ဝှီးချဲပေါ်ကို အရှိန်နဲ့ ပြန်ကျတော့ ဝုန်းခနဲ လူရောဝှီးချဲပါ မှောက်လျက်လဲသွားတယ်။

"အား...ကျစ်.."

အခန်းထဲက ဝုန်းခနဲအသံကြောင့် ဧည့်ခန်းထဲမှာ အလုပ်လုပ်နေတဲ့ ရှောင်းကျန့်အပြေးဝင်လာတယ်။

"ရိပေါ်....ဘာဖြစ်သွားတာလဲ...နာသွားလား"

"ရတယ်ကိုကို...ဘာမှမဖြစ်ဘူး"

ရှောင်းကျန့် ရိပေါ်ကို မနိုင်မနင်းမကာ ကုတင်ပေါ်တင်ပေးပြီး လဲနေတဲ့ ဝှီးချဲကိုပါ ပြန်ထောင်ပေးလိုက်တယ်။

"ဘာလုပ်မလို့လဲ ရိပေါ်...ဘာလို့ကိုကို့ကိုမပြောတာလဲ"

"အာ...ကျွန်တော်ရေချိုးချင်လို့ အင်္ကျီယူတာ။ ကိုကိုက အလုပ်လုပ်နေတော့ မနှောင့်ယှက်ချင်လို့"

"အခုတော့လဲပြီမလား...နောက်တစ်ခါ ဘာပဲလုပ်လုပ်ကိုကို့ကိုပြော..."

ရှောင်းကျန့်လက်တွေက ရိပေါ်က အင်္ကျီကြယ်သီးဆီရောက်လာတော့ ရိပေါ် ရှောင်လိုက်တယ်။

"ဘာလုပ်မလို့လဲကိုကို"

"ရေချိုးမယ်ဆို အင်္ကျီချွတ်ပေးမလို့လေ"

"ရတယ်ကိုကို...ကျွန်တော့ဘာသာလုပ်မယ်"

ခေါင်းကြီးငုံ့ပြီး ကြယ်သီးဖြုတ်နေတဲ့ ရိပေါ်ရဲ့ နားရွက်တွေရဲနေတာကို ရှောင်းကျန့်သတိထားမိတယ်။

ရိပေါ်က အရှက်အကြောက်ကြီးတဲ့ကလေးမှန်း သူမသိခဲ့ဘူး။ အခုတော့ သူ့ဘက်ကို ကျောပေးရင်း ကြယ်သီးတွေဖြုတ်နေတာမပြီးနိုင်။

"ရိပေါ်ရေ...ကောဝင်လာပြီနော်"

"ကျန်းချန်ကော"

အသံနဲ့အတူ အခန်းထဲချက်ချင်းရောက်လာသူက မန်နေဂျာအစ်ကိုကျန်းချန်။ ကျန်းချန်က ရှောင်းကျန့်ကိုမြင်တော့

"ဪ ရှောင်းကျန့်ကော ရောက်နေတာလား။ ကျွန်တော်က ရိပေါ်တစ်ယောက်ထဲထင်လို့ ဒီတိုင်းဝင်လာလိုက်တာ"

Have You Ever Been In Love?Where stories live. Discover now