Unicode
ရှောင်းကျန့် မနက်စောစောတံခါးဘဲလ်သံကြောင့် သွားဖွင့်လိုက်တော့ ဦးထုပ်ကို မျက်နှာတစ်ခုလုံးဖုံးအောင်ဆောင်းထားပြီး maskပါတပ်ထားတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။
"ဘယ်သူ...."
"ကျန့်ကော ကျွန်တော်ပါ"
"ရိပေါ်လား...လာဝင်ခဲ့လေ"
"ဟုတ်"
"အစောကြီးပါလားရိပေါ်"
"ဟုတ်တယ်ကော ကျွန်တော် ဟိုဘက်က မျက်နှာချင်းဆိုင်ကွန်ဒိုကို ပြောင်းလာခဲ့ပြီ"
"ဒီကွန်ဒိုမှာ အခန်းဝယ်ထားပြီးပြီဆို"
"အင်းဘယ်လိုပြောရမလဲ အဆင်မပြေတာလေးတွေရှိလို့"
အမှန်က ရိပေါ်အပိုင်တွက်ပြီး ရှောင်းကျန့်ကွန်ဒိုမှာ အခန်းဝယ်ထားပြီးပြီလို့ပြောလိုက်တာ။ တစ်ခန်းမှမလွတ်ပဲ အကုန်ပြည့်နေတာကြောင့် ဝယ်လို့မရဘဲ မျက်နှာချင်းဆိုင်က ကွန်ဒိုကိုပဲ ဝယ်လိုက်ရခြင်းပါ။ ဘာပဲဖြစ်ဖြစ် ကျန့်ကောနဲ့ နီးဖို့ကအဓိကပဲမဟုတ်လား။
"ကော ဒီနေ့ရုံးမသွားရဘူးမလား"
"အင်းမသွားရဘူး"
"ကောကရုံးသွားရင် အမြဲဘတ်စ်ကားနဲ့သွားတာလား"
"တခါတလေတော့ လမ်းလျှောက်သွားတယ်။သိပ်မှမဝေးတာ"
"စက်ဘီးနဲ့သွားပါလားကောရဲ့"
"ဟိုလေ...ကောကစက်ဘီးမစီးတတ်ဘူး"
"ဟင်တကယ်"
"အင်းကောရဲ့ဇာတိက Chongqing လေ။ တောင်ပေါ်မြို့ဆိုတော့ စက်ဘီးစီးလို့မကောင်းဘူး"
သူစက်ဘီးမစီးတတ်တဲ့အကြောင်းကို ရှက်ဝဲဝဲနဲ့ ရှင်းပြနေတဲ့ ရှောင်းကျန့်ပုံက ရိပေါ်ကို အသည်းယားစေတယ်။
"ကျန့်ကော ဒီနေ့အားတယ်မလား ကျွန်တော်စက်ဘီးစီးသင်ပေးမယ်"
"အားတော့အားပါတယ် ကောမှာစက်ဘီးမရှိဘူး"
"ခဏစောင့်ကော ကျွန်တော်ပြန်လာခဲ့မယ်"
ပြောပြီး လှစ်ခနဲပြေးထွက်သွားတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ကြောင်တောင်တောင်လေးကျန်ခဲ့တယ်။
YOU ARE READING
Have You Ever Been In Love?