Unicode
ဒီနေ့တော့ နေသာပြီး ကောင်းကင်ကကြည်လင်နေတယ်။ မနက်စာ ထမင်းကြော်တစ်ပွဲကို စားပြီးတော့ ကော်ဖီလေးတစ်ခွက်နဲ့ အိမ်ရှေ့က ဒန်းလေးမှာ သတင်းစာထိုင်ဖတ်နေလိုက်တယ်။ ဘေးအိမ်က အန်ကယ် Richard က သူ့ဆီကို ကြက်ဥတွေလာပေးသွားသေးတယ်။
"ကောင်လေး ဒီနေ့ gallery မသွားသေးဘူးလား"
"သွားမယ် အန်ကယ် ဒီနေ့နေသာလို့ ခြံထဲခဏဆင်းနေတာ"
"အေးအေးကောင်းတယ် တို့ဆီမှာတော့ တစ်နှစ်ပတ်လုံးမှာ ဒီလကနေလို့အကောင်းဆုံးပဲ"
"ကျွန်တော်လဲ သဘောကျပါတယ် အန်ကယ်"
"အန်ကယ်သွားပြီကွ Have a good day ကောင်လေး"
"You too အန်ကယ် Richard"
အန်ကယ် Richard ပြန်သွားတော့ သူအိမ်ထဲဝင်ပြီး ဆွယ်တာလေးတစ်ထည်ထပ်ဝတ်လိုက်တယ်။ သူ့ရဲ့ လက်ဆွဲတော် စက်ဘီးလေးကို ထုတ်ပြီး လတ်တလောကမှ ဆွဲပြီးသွားတဲ့ ပန်းချီကားလေးတစ်ချပ်ကိုတင်လိုက်ကာ သူအလုပ်လုပ်တဲ့ gallery လေးကို နင်းသွားလိုက်တယ်။
ဒီနေ့ရဲ့ အပူချိန်က 18°C ရှိတာကြောင့် သိပ်မအေးဘူးဆိုပေမဲ့ Bandon မြစ်ဘေးက ဖြတ်သွားတဲ့အခါမှာ တိုက်လာတဲ့လေက လူကိုအေးစိမ့်သွားတယ်။
ရောင်စုံခြယ်ထားတဲ့ အိမ်လှလှလေးတွေကြားကနေ ဖြတ်သွားရင်း သူအလုပ်လုပ်တဲ့ gallery လေးရှေ့ကို ရောက်လာတယ်။
"Morning Sean"
"Morning Martha, Morning Mark"
Mark နဲ့ Marthaတို့ဇနီးမောင်နှံက သူနဲ့ Beijing မှာတက္ကသိုလ်တက်တုန်းက ခင်ခဲ့တဲ့ Irish သူငယ်ချင်းနှစ်ယောက်ပါ။ အခုသူတို့သုံးယောက်ဖွင့်ထားတဲ့ Heaven Gallery လေးက ဒီ Kinsale မြို့လေးမှာ တော်တော်တောင် လူသိများနေပြီ။
"Hey Sean အခုတလော နင်ဆွဲထားတဲ့ ပန်းချီကားတွေက အရင်လို ခွဲခွာခြင်းတွေမဟုတ်တော့ဘူးနော်။ အချစ်ရဲ့ အငွေ့အသက်တွေရနေသလိုပဲ"
သူက ရှက်ရယ်ရယ်လိုက်ပြီး
"အင်း အခုတလော ငါသိပ်ချစ်ရတဲ့ သူတစ်ယောက် ငါ့နားမှာရှိနေသလို ခံစားနေရတယ်။ အရင်ကလို မဝေးတော့ဘဲ အနီးနားမှာ ရောက်နေသလို သူ့ရဲ့အငွေ့အသက်တွေရနေတယ်"
YOU ARE READING
Have You Ever Been In Love?