Unicode
ရိပေါ် ရှောင်းကျန့်ကို ချေနေတာ တစ်ရက်နဲ့ သုံးနာရီ ရှိပြီဆိုတော့ သူရဲ့ စီမံကိန်းကြီးကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သူ့ခြေလှမ်းတွေက ရှောင်းကျန့်ဆီကို ဦးတည်သွားတယ်။
"ကျန့်....ကော"
လူဆိုးကြီးကျန့်ကျန့်က ဒီနေ့လဲ လုလုနဲ့ အပြင်သွားတယ်။ အရင်နေ့တွေနဲ့မတူတာက ဒီနေ့ လုလုတစ်ယောက်ထဲမဟုတ်ဘူး မိန်းကလေးတွေ တအုပ်ကြီးနဲ့။ ရိပေါ်လေး အသားတွေ တဆတ်ဆတ်တုန်လာတယ်။ သူ့အပိုင်ဖြစ်ရမယ့် ကိုကို့ကို သူများတွေဦးမှာ မလိုချင်ဘူး။ ကိုကိုက ရိပေါ်ရဲ့ soulmate ဖြစ်မယ့်သူ။ ကံကြမ္မာက ဆုံးဖြတ်ထားပြီးသား ဘယ်သူပြောတာလဲမမေးနဲ့ ရိပေါ်ပြောတာ။ ရိပေါ်အချိန်မနှောင်းခင် ကိုကို့ကို ဖွင့်ပြောဖို့ကြံတော့မယ်။ ကိုကိုက ရိပေါ်ရဲ့ နေ့တိုင်းခင်းနေရတဲ့ စျေးဗန်းကြီးကို မမြင်ဘူး။ ဘာဖြစ်ဖြစ် ဒီည ရိပေါ်လေး ဆို့အောက်ဖြစ်ဖို့အရေးဒို့အရေးပဲ... ကိုကိုနင်ပြေးစမ်း....။
ရှောင်းကျန့် ကောင်မလေးတွေကို မြို့ထဲလိုက်ပြပြီးတော့ ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတယ်။ မိန်းကလေးတစ်သိုက်ရဲ့ ကျွတ်ကျွတ်ညံနေတဲ့ အသံတွေတစ်နေကုန်နားထောင်ခဲ့ရတာ နားတွေအူပြီး လေတွေထွက်နေသလိုပဲ သူတို့ကို ဓာတ်ပုံလဲလိုက်ရိုက်ပေးရတော့ ခုဆို ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်နိုင်တော့။
ရိပေါ် ရှောင်းကျန့်ရဲ့ တိုက်ခန်းရှေ့မှာ စောင့်နေတုန်း တိုက်ပွဲဝင်ပြီးပြန်လာတဲ့ စစ်သည်ကြီးလို ဖြေးဖြေးချင်းလျှောက်လာတဲ့ သူ့ကိုကိုကိုတွေ့တယ်။
'တော်တော်တောင် ပင်ပန်းနေပုံပဲ မိန်းကလေးအုပ်လိုက်ကြီးနဲ့.....အာ...ရိပေါ်တော်စမ်း...ညစ်ပတ်တဲ့အတွေးတွေ ရှူး...ရှူး'
"ကျန့်ကော!!!"
ရှောင်းကျန့် သူ့ရှေ့မှာ ခါးထောက်ပြီး ဆောင့်ကြီးအောင့်ကြီးအော်ခေါ်လိုက်တဲ့ ရိပေါ်ကြောင့် လန့်သွားတယ်။
"ရိပေါ်"
"ကျွန်တော်ဖုန်းခေါ်တာဘာလို့မကိုင်တာလဲ"
YOU ARE READING
Have You Ever Been In Love?