🚨(warning ပါးပါးလေး)
Unicode
ရှောင်းကျန့်က အိမ်အပြန်လမ်းတစ်လျှောက်လုံးဆူပုတ်နေတယ်။ ရိပေါ်ကလဲ ချော့ဖို့မစဥ်းစား။ အိမ်ပြန်ရောက်တော့ မနေနိုင်တဲ့ ရှောင်းကျန့်ကပဲ စိတ်ကောက်ပြန်ပြေလိုက်ရတာပါပဲ။
"ရိပေါ် မင်းကိုလေ ပြန်ခါနီးတော့ customer တစ်ယောက်က အနားကပ်ပြီး ဘာပြောသွားတာလဲဟင်"
"ဘာမှမဟုတ်ပါဘူး ကိုကို"
သုံးနှစ်သားကျန့်ကျန့်က နှုတ်ခမ်းဆူလာပြန်တယ်။
"ကိုကိုသိချင်လို့လား အဲ့တာအရေးကြီးတာမှမဟုတ်တာ"
"ရတယ် မပြောလဲနေ"
ဆောင့်အောင့်ပြီး ရေချိုးခန်းထဲဝင်သွားတဲ့ ကိုကိုယုန်ပေါက်ကို ကြည့်ပြီး ရိပေါ်က ခပ်တိုးတိုးရယ်ကာ ညစာပြင်လို့လုပ်နေလိုက်တယ်။ ရှောင်းကျန့်ပြန်ထွက်လာတော့ ဧည့်ခန်းထဲမှာရောက်နေတဲ့ ပါဆယ်ထုပ်တွေကို သတိထားမိပြီး ရိပေါ်ကိုမေးလိုက်တယ်။
"ရိပေါ် ဒါကဘာအထုပ်တွေလဲ"
"အဲ့တာ မင်္ဂလာလက်ဖွဲ့တွေလေကိုကို"
"ဪ...အ..အင်း"
ရိပေါ်ပြောမှ ဒီနေ့က သူတို့ရဲ့ မင်္ဂလာဦးညဆိုတာ သတိရပြီး မျက်နှာလေးရဲသွားကာ ရိပေါ်နားသွားဖို့ကို မသွားရဲတော့ဘဲ ဒီတိုင်းရပ်နေလိုက်တယ်။ ရိပေါ်က အထုပ်တွေကို ဖြေကြည့်ပြီး ပစ္စည်းတွေကို သေချာပြန်သိမ်းနေတဲ့အထိ ရှောင်းကျန့်က မလှုပ်မယှက်။
"ကိုကို ဘာရပ်လုပ်နေတာလဲ။ ကျွန်တော်ရေချိုးလိုက်ဦးမယ် ဟင်းတွေပြန်နွှေးထားတာ တစ်ချက်ကြည့်လိုက်ဦး"
"အင်း....အင်း"
ရိပေါ်က ဘာမှထူးခြားဟန်မပြဘဲ ရေချိုးခန်းထဲဝင်သွားတယ်။ ရှောင်းကျန့်မှာသာ မင်္ဂလာဆောင်ပြီးကာစ သတို့သမီးလေးလို ရင်တွေခုန်နေရတယ်။ 'ငါလေး ခဏနေရင် အစားခံရတော့မှာလား'
ရိပေါ်ရေချိုးပြီးပြန်ထွက်လာတော့ နှစ်ယောက်သား ထမင်းစားဖို့ပြင်ကြတယ်။
"ကိုကိုသိချင်ရင် ကျွန်တော်ပြောပြမယ်။ အဲ့ဒီ customer က ဆိုင်ထဲဝင်လာကထဲက ကိုကို ကျွန်တော့်ကို ကြည့်နေတာသတိထားမိတယ်တဲ့ ချစ်သူတွေလားလို့မေးလို့ ကျွန်တော်က ဟုတ်တယ်လို့ပြောတော့ သူကအဲ့လိုအတွဲလေးကို သဘောကျတယ်တဲ့။တမင်ကိုကို့ကို စသွားတာ။ ပြီးတော့ ကိုကိုစိတ်တိုနေတဲ့ပုံလေးကို ချစ်ဖို့ကောင်းတယ်လို့ပြောသွားသေးတယ်။"
YOU ARE READING
Have You Ever Been In Love?