Part (29)

2.8K 231 9
                                    

Unicode

"ကျွန်တော့်ကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့ဗျာ.....အီး....ကျွန်တော်တောင်းပန်ပါတယ်....ကိုကို......ကိုကို"

"ရိပေါ် ကိုကိုရှိတယ်နော် ရိပေါ်....ထပါဦး"

ညသန်းခေါင်ကြီး ရိပေါ်က အိပ်မက်ဆိုးတွေမက်ပြီး လန့်အော်နေရှာတယ်။ အိပ်မက်ဆိုးဆိုတာလဲ ကျွန်တော်ပေးခဲ့တဲ့ နာကျင်မှုတွေဖြစ်မှာပါ။ ချွေးတွေတစ်ကိုယ်လုံးရွှဲနေတဲ့ ရိပေါ်က နိုးလာတာတောင် အမောဆို့နေသလို အသက်ကို ခဲခဲယဥ်းယဥ်းရှူနေရတယ်။

"ကိုကို တကယ်....ကိုကိုလား"

"တကယ်ပါ ရိပေါ်ရယ် ကိုကို မင်းဘေးမှာရှိပါတယ်"

"ဟင်း....ဟင်း....ကျွန်တော်....အသက်ရှူကျပ်တယ် ကျွန်တော့ဆေး.....ဆေး"

ရိပေါ်က မျက်နှာပါနီလာပြီး သူ့ရင်ဘတ်ကို တဖုန်းဖုန်းနဲ့ထုတော့တယ်။ လည်ပင်းကအကြောတွေကလဲထောင်လို့ ဝေဒနာကို အလူးအလဲ ခံစားနေရတယ်။

ရိပေါ်မအိပ်ခင်က ဆေးသောက်ဖို့မေ့သွားပုံပါပဲ။ ကျန်းချန်ပြောသလို တကယ်ပဲရိပေါ်က ဆေးမသောက်လို့မရတဲ့ အခြေအနေပါလား။  ရှောင်းကျန့်က ရိပေါ်ရဲ့ဆေးကို ချက်ချင်းပြေးယူပြီးတိုက်လိုက်မှ ရိပေါ်က တဖြည်းဖြည်းငြိမ်သွားတယ်။

"ကျေးဇူးတင်ပါတယ် ကျန့်ကော"

ကျန့်ကောတဲ့လား ကိုကို့ကို မခြောက်ပါနဲ့ ရိပေါ်ရယ်။ တကယ်တော့ မင်းဒီလိုဖြစ်ရတာ ကိုကို့အပြစ်ပါ။ ကိုကိုကတကယ့်ကို သေသင့်တဲ့ကောင်ပဲ။ မင်းကိုဒဏ်ရာတွေနဲ့ ထားခဲ့ပြီး ကိုယ်တိုင်ကျ ကိုယ်လွတ်ရုန်းပြီး အဝေးကိုထွက်ပြေးတဲ့ သူရဲဘောကြောင်တဲ့ကောင်ပါ။

ရှောင်းကျန့်က အခန်းအပြင်ကို ပြေးထွက်ပြီး အားရပါးရ ငိုကြွေးလိုက်တယ်။

မနက်မိုးလင်းတော့ မနက်စာပြင်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်က နောက်ကနေဖက်လိုက်ပြီး ရှောင်းကျန့်ရဲ့ လည်ပင်းထက်ကို အနမ်းချွေလိုက်တယ်။

"Morning ကိုကို"

ရှောင်းကျန့်က မယုံနိုင်သလိုလေးကြည့်တော့ ရိပေါ်က ခပ်ဖွဖွပြုံးရင်း ရှောင်းကျန့်ကိုယ်လုံးလေးကိုဆွဲလှည့်ကာ ရှောင်းကျန့်ကိုထွက်ပြေးလို့မရအောင် ပိတ်ထားလိုက်တယ်။

Have You Ever Been In Love?Where stories live. Discover now