Part (10)

3.4K 317 6
                                    

Unicode

"အား....ကယ်ကြပါဦး....ကျွန်တော်ကိုမခြောက်ပါနဲ့သွား...သွား"

"ဟားဟား...ရိပေါ်ရယ် သူတို့ကလူတွေပါဆို မကြောက်ပါနဲ့ကွာ"

"ကျန့်ကော ကျွန်တော်ဆက်မသွားချင်တော့ဘူး ပြန်ချင်တယ်"

"ရိပေါ်ကလဲ အခုမှအစပဲရှိသေးတာကို လာစိတ်ဝင်စားစရာတွေနောက်မှာ ရှိသေးတယ်"

"ကော....."

ရှောင်းကျန့် တစ်နေရာရောက်တော့ ရိပေါ်ကို စဖို့ နောက်မှာ ချန်နေခဲ့ပြီး ချောင်ထဲမှာ ဝင်ပုန်းနေလိုက်တယ်။

"ကျန့်ကော...ဘယ်ဆက်သွားရမှာလဲ...ဟင်..ကျန့်ကော....ဘယ်ရောက်သွားတာလဲ"

ရိပေါ် ရုတ်တရက်ကြီးကျန့်ကောပျောက်သွားတော့ ကြောက်စိတ်မွှန်ပြီး အသက်ရှူပါကျပ်လာတယ်။ ဟိုဟိုဒီဒီလိုက်ရှာကြည့်ပေမဲ့ ကျန့်ကောအစား ဆံပင်ကြီးဖားလျားချထားတဲ့ သရဲမတစ်ယောက်နဲ့ တွေ့တော့ရိပေါ်ငယ်သံပါအောင်အော်ပြီး ထိုင်ချလိုက်တယ်။

"အား....ကျွန်​တော့်ကိုလာကယ်ပါကျန့်ကော....ကျွန်တော်ကိုမထားခဲ့ပါနဲ့ဗျာ....အီးဟီး....ကျွန်တော်...ဟင့်...တောင်းပန်ပါတယ်....အီးဟီးဟီး......"

ရှောင်းကျန့် ဒူးလေးပိုက်ရင်း ငိုနေတဲ့ရိပေါ်လေးကို တွေ့တော့ သူစမိတာလွန်သွားမှန်းသိပြီး ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ ဒီကလေးက ဒီလောက်ကြောက်တတ်မယ်လို့ သူမထင်ထားဘူးလေ။

"ရိပေါ်...ကောဒီမှာရှိတယ်....ကောတောင်းပန်ပါတယ်ကွာ"

ရှောင်းကျန့်ငိုနေတဲ့ ကလေးပေါက်စကို ရင်ခွင်ထဲထည့်ထားရင်း ချော့ပေးလိုက်တယ်။ ရိပေါ်က ကိုယ်လေးတသိမ့်သိမ့်တုန်အောင် ရှိုက်ရင်း ရှောင်းကျန့်ကို အပြစ်တင်လို့မပြီးတော့။

"ကျန့်ကော...မကောင်းဘူး....ကျန့်ကောကျွန်တော့ကိုထားခဲ့တယ်။ ကျန့်ကောလဲ သူတို့လိုပဲ ကျွန်​တော့်ကို မုန်းတယ်...."

"မမုန်းပါဘူးရိပေါ်ရယ်...လာကောတို့ အပြင်ထွက်ကြမယ်။ ဆက်မသွားတော့ဘူးနော်"

ရှောင်းကျန့်ရိပေါ်လက်ကိုဆွဲပီး လာလမ်းအတိုင်းပြန်လှည့်ထွက်ခဲ့ကြတယ်။ အပြင်ရောက်မှ သေချာကြည့်မိတော့ ရိပေါ်မျက်လုံးတွေကရဲနေပြီး ခုထိမျက်တောင်ကော့ကော့လေးတွေပေါ်မှာ မျက်ရည်စက်တွေတွဲလွဲခိုနေဆဲ။ ရိပေါ်က ထိုင်ခုံလေးတစ်ခုံနားသွားပြီး ငုတ်တုတ်လေးထိုင်နေတယ်။ ရှောင်းကျန့်ကို စကားတစ်ခွန်းမှမပြောတော့ဘူး။ ရောက်ခါစက သာလိကာလေးလို စကားများတဲ့ ကလေးကငြိမ်နေတော့ ရှောင်းကျန့်လဲမနေတတ်တော့။

Have You Ever Been In Love?Where stories live. Discover now