Unicode
ကျွန်တော်က ရှောင်းကျန့်ပါ။ graphic designer တစ်ယောက်ပေါ့။ ကျွန်တော့်ဝါသနာက ပုံဆွဲတာနဲ့ သီချင်းဆိုတာ။ Immortal ဆိုတဲ့ ကုမ္ပဏီမှာ ကျွန်တော်အလုပ်လုပ်ပါတယ်။ ကျွန်တော်မကတတ်ပေမဲ့ သူများကတာကို ကြည့်ရတာကြိုက်တယ်ဗျ။ ကျွန်တော် အကြိုက်ဆုံး dancer ကဝမ်ရိပေါ်။ သူကအသက်သာငယ်တာ အရမ်းတော်တယ်။ သူကတဲ့ အချိန်တိုင်းလုံးဝ အသက်ရှူမှားစရာပဲ။ သံစဥ်နဲ့လိုက်ပြီး အချိုးအဆစ်တွေလှုပ်ရှားနေပုံက အနုပညာဆန်လွန်းတယ်။ ပြီးတော့သူက racer လဲဟုတ်တယ်ဗျ။ သူရထားတဲ့ဆုတွေလဲတော်တော်များတယ်။ စက်ဘီးတောင် မစီးတတ်တဲ့ ကျွန်တော့်အတွက် သူကသိပ်ကို အံံ့သြဖို့ကောင်းတဲ့ လူသားလေး။
ကျွန်တော်က ဝမ်ရိပေါ်ရဲ့သတင်းမှန်သမျှအကုန်သိတယ်။ ကိုယ့် idol အကြောင်းကို အကုန်သိနေရမှာပေါ့ ဟုတ်တယ်မလား။ တစ်နေ့က ကျွန်တော် weibo မှာ ရိပေါ်ရဲ့ ဆိုက်ကယ်ပြိုင်ပွဲအကြောင်းတွေ့တယ်။ စက်ချွတ်ယွင်းလို့ ပြိုင်ပွဲကို အပြီးထိတောင် ဆက်မပြိုင်လိုက်ရဘူးတဲ့။ ရိပေါ်က ဒီပွဲကိုအရမ်းမျှော်လင့်ထားမှန်း ကျွန်တော်သိတယ်။ ဒါကြောင့်သူစိတ်မကောင်းဖြစ်နေမှာသေချာတယ်။
ကျွန်တော် သူ့ကိုတစ်ခုခု လုပ်ပေးချင်ပေမဲ့ ဘာလုပ်ပေးရမလဲမသိဘူး။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အဲ့ဒီနေ့က ကျွန်တော့သူငယ်ချင်း ကျိရန်က သူ့ဆိုင်ကိုသီချင်းလာဆိုပါလားလို့ပြောတော့ ကျွန်တော်လဲ အကြံတစ်ခုရသွားပြီး ရိပေါ်ကို အားပေးချင်တဲ့စိတ်နဲ့ သီချင်းလေးတစ်ပုဒ်ဆိုလိုက်တယ်။ ဒါကိုကျိရန်က video ရိုက်ထားပေးတော့ ကျွန်တော်က သူ့ကို weibo ပေါ်တင်ခိုင်းလိုက်တယ်။မထင်မှတ်ဘဲ ကျွန်တော့် videoက ကြည့်ရှုတဲ့သူများသွားတယ်။အဲ့ဒါနဲ့ ရိပေါ်ရဲ့ fan တစ်ယောက်ကိုအကူအညီတောင်းပြီး fan gp ထဲမှာပါ တင်ခိုင်းလိုက်တယ် ရိပေါ်များ တွေ့သွားလေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။
အဲ့နေ့ညက ကျွန်တော် အိပ်ရာမဝင်ခင် ဖုန်းသုံးနေတုန်း message ဝင်လာတော့ ပို့တဲ့သူက tracer 85 တဲ့။ ကျွန်တော်မယုံနိုင်ဖြစ်ပြီး သေချာပြန်စစ်လဲ ဝမ်ရိပေါ် အစစ်ပါပဲ။ အကောင့်များ ဟက်ခံလိုက်ရတာလားလို့ ခပ်ကြောင်ကြောင်တွေးလိုက်သေးတယ်။
YOU ARE READING
Have You Ever Been In Love?