Part (27)

3K 228 11
                                    

Unicode

ရိပေါ်အိပ်ပျော်သွားတုန်း ရှောင်းကျန့် ရိပေါ်ရဲ့ ဖုန်းကိုယူပြီး ကျန်းချန်ဆီဖုန်းဆက်လိုက်တယ်။

"ဟဲလို"

"ကျန်းချန် ငါရှောင်းကျန့်ပါ"

"ဟုတ်ကဲ့ ကျန့်ကော"

"ရိပေါ် ငါ Ireland မှာရှိတာ ဘယ်လိုသိသွားတာလဲ"

"ကျန့်ကောရဲ့ fan တစ်ယောက်က post တင်ထားတာတွေ့တာ။ အဲ့တာနဲ့ ချက်ချင်းထသွားတာပဲ"

"ရိပေါ်....သူ...နေမကောင်းဘူးလား"

"အဲ့တာကလေ ဟိုကျွန်တော်ပြောသင့်လားမသိဘူး"

"ငါသိမှဖြစ်မှာမို့လို့ပါ ကျန်းချန်"

"ဟုတ်ကဲ့ ကျန့်ကော။ ကောထွက်သွားပြီးတော့ ရိပေါ်တော်တော်နာကျင်ခံစားခဲ့တာ။ အလုပ်တွေလဲဆက်တိုက်လုပ်လာပြီးတော့ ညဘက်တွေဆို မအိပ်ဘူး။ ကြာလာတော့ စိတ်တွေကယောက်ကယတ်ဖြစ်လာတယ်။ တစ်ယောက်ထဲ တခါတလေ ရယ်ချင်ရယ်နေတယ်။ ငိုချင်ငိုနေရော။ ဘာစကားမှမပြောဘဲလဲ ငူငူကြီးထိုင်နေတတ်တယ်။ နောက်ပိုင်း ညဘက်တွေဆို အော်ဟစ်ပြီးသောင်းကျန်းနေရော။ အဲ့တာနဲ့ အလုပ်တွေနားလိုက်ရတယ်။ ကုမ္ပဏီက သိတော့ ရိပေါ်ကို စိတ်ကျန်းမာရေးဆေးရုံပို့လိုက်တယ်ဗျာ။ အဲ့ဒီမှာ ခြောက်လလောက်နေလိုက်ရတယ်။ ခုပြန်ကောင်းလာတာ မကြာသေးဘူး။ ဆေးတွေတော့ နေ့တိုင်းသောက်ရတယ်။ ဆေးမသောက်ရင် မအိပ်တော့ဘူး။ သူ့ရောဂါကို ကျန့်ကောတစ်ယောက်ပဲ ကုပေးနိုင်မှာ။ ကျေးဇူးပြုပြီး ရိပေါ်ကို စောင့်ရှောက်ပေးပါလား ကျန့်ကော။ သူပြန်ကောင်းလာအောင် ကျန့်ကော ကူညီပေးပါလားဗျာ။ စိတ်ချရတဲ့ အချိန်ရောက်ရင် ကျွန်တော်လာပြန်ခေါ်ပါ့မယ်"

"မပူပါနဲ့ ကျန်းချန် ငါသေချာစောင့်ရှောက်ထားပါ့မယ်။ ရိပေါ်ခုလိုဖြစ်ရတာ ငါ့အပြစ်ကြောင့်မို့"

ကျန်းချန်နဲ့ ဖုန်းပြောပြီး​တော့ ရှောင်းကျန့်သူ့ကိုယ်သူအပြစ်တင်နေမိတယ်။ ရိပေါ်က သူ့ကြောင့် အရမ်းနာကျင်ခဲ့ရတယ်။ စိတ်ရောဂါဆေးရုံရောက်တဲ့အထိကို ခံစားခဲ့ရရှာတာ။ ရိပေါ်နာကျင်ခဲ့ရတာနဲ့ ယှဥ်ရင် သူနာကျင်ခဲ့ရတာက ဘာမှမဟုတ်တော့သလို။ ပိုချစ်ရတဲ့သူက ပိုနာကျင်ရတယ်တဲ့ ကလေးငယ်က သူချစ်တာထက်သူ့ကို ပိုချစ်ခဲ့သူပဲ။ အမှောင်ကြောက်တတ်တဲ့ကလေးက စိတ်ကျန်းမာရေးဆေးရုံမှာ ဘယ်လောက်တောင်ကြောက်နေခဲ့မလဲ။ ဘေးအခန်းကအသံတွေကြောင့် သရဲကြောက်တတ်တဲ့ ကလေးက ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ ရှောင်းကျန့်တွေးမိတော့ သူ့ကိုယ်သူအပြစ်တင်လို့ မဆုံးတော့။ အဲ့ဒီညကတစ်ညလုံး ရှောင်းကျန့်ငိုနေခဲ့တယ်။

Have You Ever Been In Love?Where stories live. Discover now