ep2

1K 116 11
                                    

#Unicode

သူက ကျွန်တော်တွေ့တိုင်း
အဆင်မပြေနေတဲ့ လိပ်ပြာလေးပဲ ..

နောက်တစ်ကြိမ် ...။
နောက်တစ်ခေါက် ..။
ထိုလှပတဲ့ ရေစက်ကလေးနဲ့
ဆုံရပြန်ပါသည်။

ထိုရွှေအိုရောင်လိပ်ပြာလေးကို
ဆေးရုံကြီး တစ်ခုမှာ တိုက်တိုက်
ဆိုင်ဆိုင် ထပ်တွေ့ရသည်။

ဆေးရုံဝတ်စုံလေးနဲ့ သေးကွေး
သယောင်ရှိတဲ့ကောင်လေးသည် တစ်စုံတစ်ယောက်ကိုဖုန်းဆက်နေပြီး၊မျက်လုံးလေးတွေက နေရာအနှံ့ကို
လိုက်ကြည့်နေသည်။

ပြာယာခက်နေတဲ့ ထိုကောင်လေး
ကျွန်တော့်နံဘေးမှဖြတ်ပြေး
သွားပြန်သည်။ဆေးရုံက
လမ်းသွားလမ်းလာလူအများ
ကလည်း ထိုကောင်လေးကို
စပ်စပ်စုစုလိုက်ကြည့်နေကြသည်။

ကောင်ငယ်လေး၏ ပြာယာခက်
နေတဲ့ အမူအရာကြောင့်
လည်းကောင်း၊ထိုကောင်လေးက
နာမည်ကြီးမင်းသားတစ်ယောက်
ဖြစ်တာကြောင့်လည်းကောင်း
လူတွေစိတ်ဝင်စားနေတာ
ဖြစ်ပါလိမ့်မည်။

" ဒီမှာ ..ဒေါက်တာဒိုဂျင်းက
အခုဘယ်မှာလဲဟင် "

ကောင်ငယ်လေးသည်
လမ်းသွားလမ်းလာထဲက Nurse
ဆရာမလေးတစ်ယောက်ကို
တား၍မျက်ဝန်းငယ်တွေနဲ့
မေးမြန်းသည်။

ဒီတစ်ခါရော ဘာဖြစ်ပြန်တာလဲ
ဟူ၍ ကျွန်တော် မသိမသာ
နားစွင့်နေမိသည် ။

" အာ .. ဆရာက အလုပ်ဆင်း
သွားပါပြီ ၊ဂျီမင်ရှီကို မ​နှုတ်ဆက်
သွားဘူးလားဟင် ?? "

ကောင်ငယ်လေး၏မျက်နှာက
အားဖြော့လွန်းနေသည်။ nurse
ဆရာမလေးစကားကြောင့်
မျက်နှာ ကွက်ခနဲ ပျက်သွား၏။
မနှုတ်ဆက်သွားဘူးလားဆိုတဲ့
စကားက ထိုလူလေးရဲ့ရင်ထဲကို
ဆစ်ခနဲနာကျင်စေပေလိမ့်မည်။
ဒါပေမယ့်လည်း ကောင်ငယ်လေး
က ဘာမှမဖြစ်ဟန် အားတင်းထားပုံပေါ်သည်။

" အခု သူဘယ်မှာရှိနိုင်မလဲ .. "

" ဟို .... "

ကောင်ငယ်လေးသည် သက်ပြင်း
တိုးတိုးချ၍ ၊အလုပ်ရှုပ်နေတဲ့
ဆရာမလေးအား ဖြည်းဖြည်းသာ
ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။
မျှော်လင့်ချက်တွေပျောက်သွားတဲ့
ပုံစံလေးနဲ့ သနားစရာကောင်းအောင်
လှည့်ထွက်သွားသည်။

M A R I P O S A { Completed }Where stories live. Discover now