#Unicode
တွဲထားတဲ့လက်ကလေးကို ခေတ္တဖြုတ်
လိုက်ပြီး၊ကလေးငယ်၏မျက်နှာနုနုကို
ကျွန်တော် အံ့သြတကြီး ပြန်ရပ်ကြည့်မိ သည်။ကျွန်တော့်မျက်နှာကို ကြည့်သည့်
မျက်ဝန်းလေးတွေက သိပ်ဖြူစင်သည်။
သိပ်ရိုးရှင်းသည်။သိပ်လှလေသည်။"ဂျီမင် ??"
မေးစရာမဟုတ်တဲ့ မေးခွန်းဟု သူလေး
ထင်နိုင်လိမ့်မည်။သူသည် ဘာမှမဖြေ။
ကျွန်တော်သည်လည်း အဖြေကို အခုမှ
သဘောပေါက်နားလည်သွားသလိုခံစား
ရသည်။"လီဂျယ်ဝန်းရှီ .."
အမည်ကို ထိထိမိမိ ရေရွတ်လိုက်တိုင်း၊
ကျွန်တော့်နှလုံးသားက အခေါက်တိုင်း၌
လှုပ်ခက်သွားသည်။ဒါကိုယ့်ချစ်သူလေး
အမှန်ပဲလား?..ကိုယ့်ချစ်သူလေးက ဒီလိုစီးကရက်တွေမှမကြိုက်တာ ..."ကိုယ့်ကို ရှင်းပြပါ .."
"ဟင် .. ဘာ..ကိုလဲ .."
"ဒီအခြေအနေကို ..ကိုယ်နဲ့လွဲသွားခဲ့တဲ့
ကလေးရဲ့အချိန်အားလုံးကို .."သူသည် မေးခွန်းကို နားမလည်သလိုပင်
ငြိမ်သက်နေသည်။ခနအကြာမှ ခေါင်းငုံ့
ရင်း သဘောပေါက်သလို ဟက်ခနဲ ရယ်လိုက်သည်။"ဟက် ..ကျွန်တော်လည်း မသိဘူး ..
ကျွန်တော်နိုးလာတော့ အဝတ်အစား
အသစ်တွေ ဝတ်ထားပြီး ကားပေါ်မှာ
လဲကျနေတာ ..ပြီးတော့ ရုတ်တရက်
အိုင်းရစ်က ကျွန်တော့်ကို အပေါ်ထပ်
ထိ ဆွဲခေါ်လာတယ် ..အိပ်မက် လို့ပဲ
ထင်နေတာ ..ဘာလို့ဆို ကျွန်တော်က
ခင်ဗျားနဲ့အတူတူ အိပ်နေတုန်းလေ..
ဟုတ်တယ်မလား"ကျွန်တော် သူ့စကားကိုလက်ခံလိုက်သလို
ခေါင်းငြိမ့်မိသည်။သူသည် စကားပြောရင်းနဲ့ပဲ ခုံပေါ်ကျန်
ခဲ့တဲ့ စီးကရက်ဘူးကို ပြန်သွားယူ၏။
အိတ်ကပ်ထဲမှာ မီးခြစ်ရှိ၊မရှိ ပြန်စစ်ရှာ
သည်။"ဒါပေမယ့် အိုင်းရစ်က အရင်ကလည်း
ကျွန်တော့်ကို ဒီလိုလုပ်ဖူးတယ်မလား?
မေ့ဆေးနဲ့တို့ပြီး၊အဝတ်အစားလဲပေးပြီး
ကျွန်တော့်ကို သူ့စိတ်တိုင်းကျဖမ်းခေါ်ခဲ့
ဖူးတယ် ..ကျွန်တော် ကြောက်တာပေါ့။
သူက အခု အရူးနဲ့ပိုတူလာတယ်လေ .."
![](https://img.wattpad.com/cover/235612781-288-k932039.jpg)
VOCÊ ESTÁ LENDO
M A R I P O S A { Completed }
Fanficသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။