ep 6

562 65 8
                                        

#Unicode

လွန်ခဲ့သော ၅ နှစ်ခန့်က ...

အထက်တန်းကျောင်းဝတ်စုံလေး
နဲ့ သေးကွေးကွေးကောင်လေး
တစ်ယောက်သည် ၊
ဆေးတက္ကသိုလ်ဝန်းထဲက
ယောကျ်ားလေးအဆောင်မှာ
နေသည့် ၊သူတစ်ဖက်သက်
သဘောကျရတဲ့ အစ်ကိုလေး
တစ်ယောက်ကို လှမ်းကြည့်လို့နေ
သည်။

ဒိုဂျင်းသည် ပြတင်းတံခါးရဲ့
မျက်နှာချင်းဆိုင်မှာ ၊စာကြည့်
စားပွဲထားထားတာကြောင့် သူ့ကို
အပြင်က လူတွေလှမ်းကြည့်ရင်
မြင်ဖို့လွယ်ကူသည်။

သူ စာဖတ်နေစဥ်မှာပဲ ရှေ့က
ပြတင်းပေါက်ကို ဖြတ်၍၊အခန်း
ထဲ ဝှီးခနဲရောက်လာတဲ့အချိုရည်
ဗူးလေးတစ်ဗူး။ဒိုဂျင်း ကမန်းကတန်း
ထ၍ ထိုပြုတ်ကျသွားတဲ့ဗူးလေးကို
အလျင်ကောက်ယူလိုက်သည်။

* အိပ်ငိုက်နေရင် သောက်ပါ *

ပြတင်းပေါက်ကနေ အပြင်ကို
လှမ်းကြည့်လိုက်တော့၊တရားခံ
လို့ထင်ရတဲ့ထိုကောင်လေးက
ကျောခိုင်းထွက်သွားရင်း၊သူ့ကို
လက်တောင် မြှောက်ပြသွားသေး
သည်။

ဒိုဂျင်း ချက်ချင်းအလျင်စလို
ပြေးဆင်းလိုက်ပြီး၊ထိုကောင်လေး
ဝေးဝေးမရောက်မီ အမှီလိုက်ဖို့ပြင်
လိုက်သည်။

" ရားး !အဲ့မှာရပ်ဦး  "

ကျွန်တော် ထိုအရိပ်လေးကိုလှမ်း
မြင်လိုက်တဲ့အခါ သူကြားအောင်
အသံကျယ်ကျယ်နဲ့ လှမ်းခေါ်
လိုက်သည်။

" မင်း ဘာလို့ညတိုင်းဒီလိုလုပ်
နေတာလဲ .."

" ခင်ဗျားကို ကြိုက်လို့ "

မတုန့်မဆိုင်းပတ်ခနဲအဖြေပြန်ပေး
တဲ့ထိုကောင်လေးသည် အတော်
ရဲတင်းပေသည်။သူ့လက်ထဲကိုင်
ထားတဲ့ စီးကရက်ဘူးကို ကျွန်တော်
သတိထားမိပြီး၊လှမ်းကြည့်လိုက်
တဲ့အခါ သူက နောက်ဘက်ကို
မြန်မြန်ဖွက်လိုက်သည်။

" ကျွန်တော့်နောက်ကို ဘာလို့လိုက်
လာတာလဲ ~ မဟုတ်မှလွဲ ! ဘာလဲ
အဖြေပေးမလို့လား ဟုတ်လား "

အားတက်တရောဖြစ်လာပြီး၊
မှေးနေတဲ့မျက်ဝန်းတွေပါ အပြူး
သားဖြစ်သွားတဲ့အခါ ဒိုဂျင်း
စိတ်ညစ်ညစ်နဲ့ ခေါင်းက ဆံနွယ်
တွေကိုထိုးဖွလိုက်သည်။

M A R I P O S A { Completed }Où les histoires vivent. Découvrez maintenant