#Unicode
ဒေါက်..ဒေါက်
မရင်းနှီးတဲ့အိပ်ယာကြီးပေါ် ဂျီမင်
ကွေးကွေးလေး အိပ်နေတုန်းရှိခိုက်
ကြားရတဲ့ တံခါးခေါက်သံ။
အစတည်းက အိပ်မပျော်တဲ့မျက်လုံး
တွေဟာ ယခုဆို ပိုပြီးပြူးကျယ်သွား
ခဲ့သည်။တံခါးမဖွင့်ခင် မိမိအတွေးထဲ ရောက်
လာခဲ့သည်က ဟိုဘက်အခန်းဆီက
လီဂျယ်ဝန်းဆိုတဲ့လူ။ဂျီမင် တံတွေး
တစ်ချက်မြိုချပြီး အခန်းတံခါးကို
ဆွဲဖွင့်လိုက်သည်။"အမ်?"
မြင်ရတဲ့မျက်လုံးလေးတွေကိုတောင်
ပွတ်ပြီး သေချာသတိကပ်၍ ပြန်
ကြည့်ကာမှ တံခါးခေါက်ခဲ့သည့်
လက်ပိုင်ရှင်သည် ၊လီဂျယ်ဝန်း
မဟုတ်ဘဲ ဤအိမ်ကြီးကို ဝင်ဝင်ချင်း
မှာ မြင်ခဲ့ရတဲ့ကလေးမလေး ဖြစ်၏။
ဂျီမင် ထိုကလေးမလေးကို ခါးလေး
ကိုင်း၍ ဒူးလေးညွတ်ကာ ငုံ့ကြည့်မိ
သည်။"ဟီးး ..ဟိုတစ်ခေါက်ကလည်း
ဦးဦးဂျယ်ဝန်းကြောင့် ကိုကို့ကို
ခနလေးပဲ တွေ့ရတယ် ...ဒီတစ်ခါ
တော့ ကိုကို့ကို အကြာကြီးကြည့်လို့
ရပြီ "သွက်လက်တဲ့ကလေးမလေးက
နောက်မှာဖွက်ထားတဲ့ ပန်းရောင်
ဒိုင်ယာရီစာအုပ်အသေးလေးကို
ကိုယ့်ရှေ့ လက်နှစ်ဖက်နဲ့ ကမ်းပေး
လာသည်။ဂျီမင်သည် ကလေးမလေး
ထက်ပင် ပို၍ ကလေးဆန်နေကာ
မျက်တောင်ပုတ်ခက်ပုတ်ခက်လုပ်
နေတော့သည်။"ရော့!ကိုကိုလေးဂျီမင်အတွက်
ပြင်ထားတဲ့ မီအွန်းရဲ့လက်ဆောင်!"ဂျီမင်သည် သူမကမ်းပေးလာတဲ့
ဒိုင်ယာရီစာအုပ်အသေးလေးကို
ကြောင်တောင်တောင်နဲ့ လှမ်းယူ
လိုက်သည်။Hello kitty အရုပ်
စတစ်ကာဘေးတွင် ကိုယ့်နာမည်
ကို စာလုံးကြီးကြီးနဲ့ရေးပေးထား
တဲ့ကလေးမ၏ လက်ရေးက လှပ
သပ်ရပ်နေသည်။"ကိုကိုတို့ တွေ့ဖူးလားဟင် "
"အာ!တွေ့ဖူးတာပေါ့ ကိုကိုကလည်း!
ကိုကိုက မီအွန်းတို့အိမ်ရောက်လာ
တာလေ ဦးဦးဂျယ်ဝန်းက ကိုကို့ကို
ကုန်းပိုးပြီးခေါ်လာတာ ""ဘယ်လို??"
ဂျီမင် အမှန်ပင်အံ့သြသွားရသည်။
ဤလူနဲ့သူနဲ့ဟာ ပတ်သက်မှုတစ်ခုခု
ရှိခဲ့သည်ကို ယခုကလေးမလေးက
သက်သေထူသွားလေပြီ။ဂျီမင်
စိတ်ဝင်စားလာတာကြောင့် မြန်မြန်
ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကလေး
မလေး၏ မျက်နှာနဲ့ တစ်တန်းတည်း
ဆုံနိုင်အောင် နေရာယူလိုက်သည်။

KAMU SEDANG MEMBACA
M A R I P O S A { Completed }
Fiksi Penggemarသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။