#Unicode
ရှေ့တူရူကို တရွေ့ရွေ့လှမ်းနေတဲ့
ကိုယ်ငယ်က နောက်ကျောဘက်
အနေအထားမှာလည်း စံထိပ်ထား
ရအောင် လှနေပြန်တော့ ခက်ချေ
လေပြီ ။ယောကျ်ားလေးတစ်ဦး
ဖြစ်သည်မို့ ခန္ဓာကိုယ်အချိုးအစား ကောက်ကြောင်းဆိုတာ အရေးပါ
နေစရာ မရှိလျက်နဲ့ ကောက်ကြောင်း
တွင်လည်း ပြည့်စုံနေပြန်သည့်
ကျွန်တော့်ရဲ့ လိပ်ပြာလေး။အမှီပြေးလိုက်ရင် မှီမှာသိပေမယ့်
အနောက်ဘက် ခပ်လှမ်းလှမ်းကနေ
ထို လူသားငယ်ကို ကြည့်ရတာဟာ
အနုပညာသိပ်ဆန်လွန်းနေတော့၊
ကျွန်တော့် ခြေလှမ်းတွေဟာ
သိပ်နှေးကွေးတဲ့ လိပ်ပမာ ။ပလက်ဖောင်းလမ်းကျဥ်းလေးပေါ်
မှာ ကျွန်တော်နဲ့ ထိုလူသားနဲ့သာ
ရှေ့ဆင့်နောက်ဆင့် ရှိနေသည်။
ကားတစ်စီးခန့် ၊နှစ်စီးခန့်ကလည်း
အဆက်မပြတ် အရှိန်ပြင်းပြင်းနဲ့
ဘေးမှာ ဖြတ်ပြေးနေကြသည်။
သူက ခြေလှမ်းတွေရပ်ပြီး ကား
လမ်းမဘက် မျက်နှာမူလိုက်တဲ့အခါ
ကျွန်တော်လည်း ကျွန်တော့်ခြေလှမ်း
တွေကို အရှိန်သတ်လိုက်သည်။လမ်းမကြီးက မီးရောင်ဟက်နေ
သည်မို့ ဝါကျင့်ကျင့်အရောင်ကို
ဆောင်နေသည် ။ထိုလူသားငယ်
၏အသားအရည်ကတော့ ထိုလမ်း
မီးရောင်ကြောင့် ဝင်းဝါကာ ပိုပြီး
ထိန်လင်းသွားပုံပေါ်သည် ။သိပ်ဘက်လိုက်သည့် မီးသီးတွေ။
" ဟမ် ! "
ထိတ်လန့်ခြင်းအသံတစ်ခု အလျင်
ပြုမိလိုက်ပြီး၊နှေးကွေးခဲ့တဲ့ခြေလှမ်း
တို့ကို အားကုန်သုံးလိုက်မိသည်။
အရှိန်ပြင်းပြင်းနဲ့ လာနေသော
လမ်းမထက် ကားတစ်စီးဆီကို
တိုးဝင်တော့မယ့် လူသားငယ်
အား၊ လက်မောင်းတစ်ဖက်ကနေ
ဆောင့်ဆွဲ၍ ၊ခါးသွယ်သွယ်ကို
ကြပ်တင်းနေအောင် ဖက်ပစ်လိုက်
သည် ။" မင်း ဘာလုပ်တာလဲ!"
ဆူပူသော အသံတစ်ခု။ထိုအသံထဲ
တွင် စိုးရိမ်ထိတ်လန့်ခြင်းများ ပြည့်
နှက်နေမည်ကို ဤအဆိုးအပေလေး
က နားလည်မှာမဟုတ်လောက်ပေ။" ပြန်မှတ်မိချင်လို့ .."
အနေအထားမပြောင်းရသေးဘဲ
ဤအတိုင်းရပ်နေစဥ်မှာပဲ နီးကပ်
နေတဲ့ မျက်နှာငယ်လေးက ရဲတင်း
မှုအသွင်ဆောင်လျက် ကျွန်တော့်
ကို မော့ကြည့်လာသည်။
![](https://img.wattpad.com/cover/235612781-288-k932039.jpg)
KAMU SEDANG MEMBACA
M A R I P O S A { Completed }
Fiksi Penggemarသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။