# unicode
" ကျွန်တော့်မှာ အစ်ကိုတစ်ယောက်
ရှိတယ်သိလား "ခရမ်းရောင်ဆံနွယ်ပျော့လေးက
လေတိုက်နှုန်းအတိုင်း လွင့်ဝဲနေ၏။
နဖူးပြင်ငယ်လေး လစ်ဟာ၍ပေါ်လာ
လေသည့်အခါတိုင်း၊
ကျွန်တော့် နှုတ်ခမ်းတွေက
တစ်ခုခုလိုအပ်လာသလို
ခံစားရသည်။ထို့အပြင်
ဘေးတဇောင်းအနေအထားနဲ့
ငေးကြည့်နေရတာမို့
မြင်နေရတဲ့ပါးပြင်တစ်ဖက်ကို
ကျွန်တော်ရဲ့လက်တစ်ဖက်နဲ့
ဖြည်းဖြည်းလှမ်းကိုင်ချင်
မိသေးသည် ။" ကျွန်တော့်အစ်ကိုက
ကျွန်တော်နဲ့အရမ်းတူတာသိလား၊
ကျွန်တော်နဲ့အမြွှာတွေမို့
ရပ်ကွက်ထဲက အဒေါ်ကြီးတွေ
ခနခနလူမှားတတ်သေးတာ "ကောင်လေးပြောနေတဲ့အတိတ်အကြောင်းအရာတွေကို
စကားထောက်ပေးခြင်းမရှိဘဲ၊
ထိုစကားပြောရင် သဘာဝအတိုင်း
ဆူထွက်လာတတ်သည့်
နှုတ်ခမ်းလုံးကိုသာ
အလွတ်ရမတတ်
စိုက်ကြည့်မိပြန်သည်။" ကျွန်တော့်အစ်ကိုကိုလွမ်းတယ် ၊
သူနဲ့မတွေ့ရတာ တော်တော်ကြာပြီဗျ"ကောင်လေးသည် ဒီတစ်ခါတော့
နှုတ်ခမ်းလေးကိုဆူပြီး၊
ကြေကွဲစရာစကားကို
ချစ်ဖို့ကောင်းအောင်ပြောထွက်သည်။" ခင်ဗျားလည်း ကျွန်တော့်အစ်ကိုနဲ့
ကျွန်တော့်ကို တူတူတွေ့ရင်
ခွဲတတ်မှာမဟုတ်ဘူး ၊သေချာတယ် "အတော်ကြာတိတ်ဆိတ်နေတဲ့
ကျွန်တော့်ဘက်လှည့်ပြီး၊
ထိုလိပ်ပြာလှလှလေးက
ပြုံးရယ်ရင်း စကားပြောသည်။" ဟွန့် ! ခင်ဗျားက စကားလည်း
မပြောပြန်ဘူး ။တကယ်ပဲ
ဘယ်လိုလူမှန်းကို မသိဘူး"နှာခေါင်းရှုံ့ပြီး ဟွန့်ခနဲပြော
တဲ့ထိုလိပ်ပြာလေးရဲ့ပုံစံကို
နှစ်သက်လွန်းလှပြီး၊
ထိန်းထားတဲ့စိတ်က
မထိန်းနိုင်ဖြစ်ပြန်တော့ ။ဒါကြောင့် စက္ကန့်လေးအတွင်းမှာပဲ
ထိုလိပ်ပြာလေးရဲ့မျက်နှာနှစ်ဖက်ကို
ကျွန်တော့်လက်တွေနဲ့
ကိုင်အုပ်လိုက်သည်။
ဖြူစင်စွာမော့ကြည့်နေတဲ့
မျက်လုံးလေးက လဲ့ပြာ၍နေသည်။အနည်းငယ်ကျယ်လောင်နေတဲ့
နှလုံးခုန်သံတွေက
လူကို ရူးစေအောင်ပြုစားသည်။

KAMU SEDANG MEMBACA
M A R I P O S A { Completed }
Fiksi Penggemarသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။