#Unicode
ထိုနေ့ရက်တွေမှ စ၍ ကျွန်တော်နဲ့
ကျွန်တော့်လိပ်ပြာငယ်တို့
ဝေးသထက် ဝေးခဲ့ဖူးကြသည်။သူ့အတိတ်တွေမှာ ပါဝင်ခဲ့ခြင်း
မရှိဖူးတဲ့ ကျွန်တော်ဟာ၊ အနာဂတ်
ကို တစ်ခါတစ်ခါ စိတ်ကူးနဲ့ဆွဲဆန့်
ကြည့်ဖူးသော်လည်း၊အမှန်ဆို
သူ့မှတ်ညဏ်တွေထဲမှာ
ကျွန်တော်ဆိုတာ ၊ဆုံဖူးခဲ့တဲ့
သူစိမ်းအနေနဲ့တောင် ရှိမနေခြင်း
ဖြစ်ခဲ့သည် ။" ပတ်ဂျီမင် က လွန်ခဲ့တဲ့ ၅နှစ်က
ကိစ္စတွေ အကုန်မေ့သွားပြီ ..
သူ့ဘဝက အခုမှအသစ်စမှာ "။
ဂင်ဒိုဂျင်း ရဲ့ ထိုစကားက
ကျွန်တော့်ကို နေ့ပေါင်းညပေါင်း
များစွာ ခေါင်းစားစေနိုင်ခဲ့သည်။" မင်းရဲ့ချစ်သူမိန်းကလေးက
ပတ်ဂျီမင် ကို အရမ်းမုန်းနေတာ
မဟုတ်ဘူးလား ..။ပတ်ဂျီမင် ကို
မင်း ခွင့်လွှတ်တိုင်း သူကပါ ခွင့်လွှတ်
ပေးတယ်တဲ့လား "ထိုသို့ မေးကြည့်သည့်အချိန်က
ဂင်ဒိုဂျင်းသည် နားထင်ကြောကို
လက်ညှိုးလေးနဲ့ ထောက်ပြီး၊
ခပ်ဟဟ ရယ်နေသေးသည်။" ကျွန်တော်နဲ့ ဟန်နီနဲ့က
ချစ်သူတွေဆိုပေမယ့် ၊
အပေးအယူတစ်ခုတော့
လုပ်ခဲ့ကြတယ်ဗျ ၊ဂျီမင် နဲ့
ပတ်သတ်ပြီးတော့လေ ..."" ငါ သိခွင့်ရှိမလား "
ကျွန်တော် ထိုသို့ပြတ်ပြတ်ပဲ
မေးခွန်းထုတ်တော့ ၊ဒိုဂျင်း က
ကျွန်တော့်ကို တစ်ချက်လှမ်းပြီး
အကဲခက်သည်။" အင်း ၊ကျွန်တော် .. ဒီလကုန်ရင်
လက်ထပ်တော့မယ်ဗျာ ...၊
ဟန်နီနဲ့လုပ်ခဲ့ရတဲ့အပေးအယူက
လက်ထပ်ပွဲပဲ ။သူက ကျွန်တော့်
ကို blackbox ပေးရမယ် ။
ကျွန်တော်ကတော့ သူ့ကို မြန်မြန်
လက်ထပ်ယူရမယ် ..ပြီးတော့ "ဆက်ပြောမည့်စကားတွေကျန်
နေသေးလို့လားမသိ ။ခပ်ဆွဲဆွဲနဲ့
လေးလေးပင်ပင် ဖြစ်သွားတဲ့
နောက်ဆုံးစကားမှာ ဒိုဂျင်း
မျက်နှာက အနည်းငယ်တော့
ညှိုးငယ်ကျသွားသည်။" ကျွန်တော် နဲ့ ဂျီမင် ဘယ်တော့မှ
ထပ်မဆုံပါစေနဲ့တဲ့ ..ဂျီမင် နဲ့
ကျွန်တော်ဟာ သူစိမ်းလုံးလုံး
ဖြစ်သွားရမယ် တဲ့ " ။

YOU ARE READING
M A R I P O S A { Completed }
Fanfictionသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။