#Unicode
မျက်ရည်စတွေနဲ့စိုစွက်နေဆဲဖြစ်
သော မျက်ခမ်းသားတွေအပေါ်
သူ စိတ်ရောက်နေခဲ့ရသည်။ပါးပြင်အိအိလေးပေါ် ဖြတ်သန်း
သွားခဲ့တဲ့ မျက်ရည်စီးကြောင်း
သည် သူ့ပခုံးတစ်စွန်းတစ်စမှာ
လာရောက်နေရာယူခဲ့ဖူးသည်။အသံတို့တိတ်လျက် ရှိသည်။
ဆွေးမြဲဆွေးဆဲဖြစ်တဲ့ အရုပ်လေး
ဟာ ကားပြတင်းပေါက်ကနေ၊ ည
အမှောင်ဝန်းကျင်ကို အသက်မဲ့တဲ့
မျက်လုံးတွေဖြင့်၊တစ်နေရာကိုပဲ
အကြာကြီးစိုက်ကြည့်နေခဲ့သည်။"သေချာရဲ့လား ကလေး .."
ကလေးက မေးခွန်းရဲ့အဓိပ္ပါယ်ကို
သဘောပေါက်၍ ဖြည်းညှင်းစွာနဲ့
ခေါင်းငြိမ့်ပြခဲ့သည်။"ကျွန်တော် ပြန်လာခဲ့မယ် .."
ကားပေါ်က ဆင်းသွားတဲ့ ကလေး
ကို Driver နေရာမှ သူက စိတ်မချ
တချနဲ့ အိမ်ထဲဝင်သွားသည်အထိ
လိုက်ကြည့်နေခဲ့မိသည်။ကလေးက Korea ကို ပြန်ချင်ပြီ။
ဘယ်လိုမှ တားဆီးလို့မရခဲ့သော
ကလေး၏ ဆုံးဖြတ်ချက် ..။ကျွန်တော့်ကိုပါတစ်ခါတည်းတူတူ
လိုက်ခဲ့ပေးဖို့ အမူအရာငယ်လေး
တွေနဲ့ တောင်းဆိုလာသည့်ကလေး ၏တောင်းဆိုချက် ..။ကလေးဟာ ခရီးထွက်ဖို့ လိုအပ်
မည့် ပစ္စည်းအားလုံးကို အိမ်မှာ
ပြန်လာယူနေခဲ့သည် ..။ကလေးရဲ့မိခင်ဖြစ်သူဟာလည်း
ခမ်းနားတင့်တယ်တဲ့ အိမ်ကြီးကို
ပိုင်ဆိုင်တာပါလား ဟု ကားထဲမှ
ငေးရင်း မှတ်ချက်ပေးကာ ၊သူ
ထိုင်လျက် ကျန်နေခဲ့မိသည်။အချိန်တစ်ခုအကြာမှာ ..
ကလေးက သူ့အိမ်ကြီးထဲကနေ
အပြင်ဘက်ကို အေးအေးလူလူ
ပြန်ထွက်လာခဲ့သည်။ခရီးဆောင်
အိတ်နီနီလေးကို ဘေးဘက်မှာမှ
သိုင်းလွယ်ထားသည်။ကလေး ကားထဲဝင်ထိုင်ပြီးတာနဲ့
သူလည်း အချိန်မဆွဲနေဘဲ၊ကား
ကို တစ်ဆက်တည်း မောင်းထွက်
လိုက်သည်။ပြတ်သားတင်းမာနေ
တဲ့ မျက်နှာနုနုကိုတော့ ကားမှန်မှ
တစ်ဆင့် ခိုးကြည့်ခြင်း မပြတ်ခဲ့။

KAMU SEDANG MEMBACA
M A R I P O S A { Completed }
Fiksi Penggemarသူသည် ကျွန်တော့်ဘဝထဲဝင်ရောက်လာသည့် လှပသော လိပ်ပြာငယ် .. ။