(Zawgyi+Unicode)
"ငါပြောတယ်မလား မနက်ဖြန်ညဂျပန်နှင်းမုန်တိုင်းကျလောက်တယ်.တဲ့လို့ အခုကျတော့မယ်တွေ့ လား ''
ခဲတစကားကိုနားထောင်ခြင်းဖြင့် မည်မျှအကျိုးရှိကြောင်းရှင်းပြနေပေမဲ့.ဒီ.အမိုက်အမဲဟာနားမဝင်လိုဟန်.ခရမ်းရောင်ဆံပင်တွေကိုဆုပ်လိုက်ဖွာလိုက်လုပ်နေသည်.။
"ခဲတ မင်းကထီလတ်မှတ်လိုပဲ''
"ကံကောင်းခြင်းတွေယူလာပေးမယ်လိုလား''
"ဘယ်တော့မှ ပေါက်မှန်းမသိတဲ့ထီလတ်မှတ်လို့ပေါ့ လွှင့်လည်းမပစ်ရက် သိမ်းထားရပြန်တော့လည်းအမှိုက်ဂှုပ်ကရှုပ်''
ဒီအကောင်စကားကို ငါဘာကြောင့်များတရေးတယူနားထောင်မိတာတဲ့လဲ..။သို့ သော် ကားလမ်းကိုငေးရင်းရုတ်ချည်းဆိုသလိုအုပ်မှိုင်းသွားတဲ့အမူအယာက ခဲတကိုစိတ်မကောင်းစေ..။
" နှစ်ပတ်ရှိပြီနော် ''
ဟုတ်သည်.။
ဂျင်းဆီမှာဘာအဆက်အသွယ်မှမရတာနှစ်ပတ်ရှိပြီ..။
ကနေဒါကနေ
ပြန်လာဖို့ချိတုံချတုံဖြစ်နေတဲ့စိတ်ကိုဆုံးဖြတ်ချက်ချစေသည်မှာ
မနေ့ကပါလာသည့်
ကင်ဒိုအုပ်စုခေါင်းဆောင် ဟာနာဇဝါရှင်း နဲ့ဟဲဇအုပ်စုခေါင်းဆောင်သမီးတို့ရဲ့စေ့စပ်ခြင်း သတင်းကြောင့်ပင်..ဂျင်းဘာများဖြစ်နေလောက်မလဲ..။
ဘေးကဟိုနှိုက်ဒီရှာလုပ်နေတဲ့ဆာဝါမူရာကို ကြည့်လိုက်သည်..။
ဝမ်းမနာသားလေးဟာ စီးကရက်သောက်ချင်နေပြန်ပြီ..။
" ရော့ ခံတွင်းချဉ်ရင်သကြားလုံးလေးငုံလိုက်''
အပြောထက်မြန်တဲ့လက်နဲ့ ပါးစပ်ထဲထိုးထည့်ပေးလိုက်တော့ ပါးစပ်လေးဟကာငုံသည်..။
တစ်နေ့ခဲတစေတနာတွေမင်းနားလည်သွားမှာပါ..။
"အား '
" fuck ပရုပ်လုံးကြီးဟ လေးလုံးတပ်ပြီးကန်းနေပြန်ပြီ''
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)