Tayတစ်ယောက်ဒီနေ့ရုံးခန်းထဲမှာနေ့လည်အထိရှိနေလေသည်။Newလဲထမင်းစားချိန်ရောက်တော့Brightအခန်းထဲဝင်ပီးထမင်းစားသွားရန်ခေါ်လိုက်သည်။
New: ထမင်းစားချိန်ရောက်နေပီBright အလုပ်တွေဘဲဖိလုပ်မနေနဲ့ ထ သွားမယ်
Bright: အေးပါကွာ သွားမယ် အော် ဒါနဲ့ဟိုငရှုပ်ကောင်ဒီနေ့ငြိမ်နေပါလား အပြင်လဲမသွားဘူး လာ သူ့ပါထမင်းစားဖို့သွားခေါ်ကြမယ်
Brightနဲ့New Tayရဲ့ရုံးခန်းထဲဝင်သွားတော့Tayကအလုပ်လုပ်နေတုန်းပင်ဖြစ်သည်။
New: Tayထမင်းသွားစားကြရအောင်
Tay: ခဏလေးစောင့်အုံးနော် ငါဒါလေးပီးအောင်လုပ်ချင်လို့
Bright: အပိုတွေလုပ်မနေနဲ့ တစ်သက်လုံးကတော့အလုပ်တွေပြစ်ထားပီးတော့ ခုမှလာလုပ်နေတယ်
Tay: ငါစိတ်ပါတုန်းလုပ်တာလေကွာ မင်းဟာတော်တော်ကိုဘုဂလန့်ပြောတဲ့ကောင်ဘဲ အဲ့လိုအပြောဆိုးလို့မင်းမှာချစ်သူတစ်ယောက်မှမရှိတာ
Bright: အချစ်ဆိုတာငါ့အတွက်မလိုအပ်ဘူး အချစ်တကယ်ရှိတယ်ဆိုတာလဲ ငါမယုံဘူး ဥပမာ မင်းဘဲကြည့်လေ ကောင်မလေးတွေအများကြီးနဲ့ချစ်သူဖြစ်နေပေမယ့်မင်းဘယ်သူ့ကိုမှတကယ်မချစ်ဘူးလေ
New: ကဲ ကဲ တော်ကြပါတော့ Tayလဲပီးမှဆက်လုပ်တော့ ခုသွားမယ် ဟုပြောကာအတင်းဆွဲပီးထွက်လာခဲ့ရတော့သည်။
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
ဆိုင်ထဲရောက်တော့NewကTayကိုဟင်းများခတ်ထည့်ပေးနေလေသည်။
Bright: New မင်းသူ့ကိုဟင်းတွေခတ်ထည့်ပေးမနေနဲ့ သူ့မှာလက်ပါတယ် သူ့ဘာသာသူခတ်စားလိမ့်မယ်
Tay: မင်းငါ့ကိုမနာလိုဖြစ်နေတာမဟုတ်လား သနားစရာကောင်းလိုက်တာ ဟား.....ဟား.......ဟား
Bright: ရယ်မနေနဲ့Tay ငါအတည်ပြောနေတာ ငါမင်းကိုမနာလိုနေတာမဟုတ်ဘူး မင်းကိုNewကအစစအရာရာဂရုစိုက်နေတိုင်းမင်းဘာမှမလုပ်ချင်ဖြစ်မနေနဲ့ မနက်ဆိုလဲမင်းအတွက်သူကော်ဖီအမြဲဖျော်ပေးနေရတယ် မင်းကိုသူအကုန်လိုက်ပီးဂရုစိုက်နေရတာ သူမင်းအနားမှာမရှိတော့ရင်မင်းကိုယ့်ကိုကိုယ်ဂရုမစိုက်နိုင်တော့မှာစိုးလို့ငါပြောနေတာ