Tay အလုပ်သွားရန်Newအိမ်သို့ဝင်ခေါ်တော့Newရဲ့အဖေနဲ့အမေကိုတွေ့ရလေသည်။နှစ်ယောက်လုံးလဲမျက်နှာမကောင်းကြပေ။
New'por: သားရေ Tayလာပီ ဆင်းခဲ့တော့
Newလဲဆင်းလာပီးသူ့အဖေနဲ့အမေကိုတောင်နှုတ်မဆက်ဘဲထွက်သွားလေသည်။ကားပေါ်ရောက်တော့လဲစကားတစ်ခွန်းမှမပြောဘဲတိတ်နေလေသည်။
Tay: Newမင်းဘာဖြစ်နေတာလဲနေကောင်းရဲ့လား
New: အင်း နေကောင်းပါတယ်
Tay: မင်းတစ်ခုခုဖြစ်နေရင်ငါ့ကိုပြောနော် ငါကူညီနိုင်တာရှိရင်ကူညီမယ် ခုနဦးနဲ့အန်တီလဲမျက်နှာမကောင်းဘူး
New: ဘာမှမဖြစ်ပါဘူး သူတို့ဘာမဟုတ်တာလေးနဲ့စကားများထားကြလို့ပါ
TayလဲNewမပြောချင်မှန်းသိ၍ထပ်မမေးတော့ပေ။
ရုံးခန်းထဲရောက်တော့လဲNewမှိုင်နေလေသည်။သူထပ်မေးလဲဘာမှမဖြစ်ပါဘူးဘဲပြောနေလေသည်။Newအရမ်းစိတ်ညစ်နေသည်။Newရဲ့အဖေကသူများပိုက်ဆံကိုယူပီးအလောင်းကစားလုပ်တာလက်လွန်သွားသောကြောင့်ဖြစ်သည်။ပိုက်ဆံပမာဏကအရမ်းများတာကြောင့်Newတို့ရှိသမျှရောင်းပီးပေးရင်တောင်မလောက်ပါ။
ပိုဆိုးသည်ကNewရဲ့အဖေပိုက်ဆံယူတဲ့သူကကျောင်းတုန်းကNewကိုလိုက်ကြိုက်ဖူးတဲ့Monဆိုတဲ့ကောင်မလေးရဲ့အမေဖြစ်သည်။ပိုက်ဆံကိုပြန်မဆပ်နိုင်ရင်သူ့သမီးကိုလက်ထပ်ရမယ်ဘဲပြောနေလေသည်။
Tayသာသိရင်အရမ်းစိတ်ဆိုးမှာသူသိသည်။ဒါ့ကြောင့်Tayကိုမပြောခဲ့တာပေါ့။Tayကကျောင်းတက်ထဲကသူ့ကိုMonလိုက်ကပ်လွန်းလို့မုန်းနေခဲ့သည့်သူလေ။Newစိတ်ညစ်လွန်းလို့သက်ပျင်းသာအခါခါချနေလေတော့သည်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
Winနေပြန်ကောင်းနေပီမို့အလုပ်သွားရန်Brightကိုပြောသော်လည်းသုံးရက်မပြည့်သေးလို့မသွားခိုင်းပေ။Winကတော့နေကောင်းသည်နှင့်ဂိမ်းဆော့နေလေရဲ့။
Bright: Win မင်းဂိမ်းကဆော့လို့မပီးတော့ဘူးလား
Win: မပီးသေးဘူးအကိုရဲ့ အကိုပါလာဆော့ပါလား
