Winတစ်ယောက်တစ်ဖက်ခြံက ကလေးများကိုခေါ်ကာမနက်စောစောစီးစီးဘောလုံးကန်နေလေသည်။
Win' mom: သားရေ ဟိုဘက်အိမ်ကိုဒီမုန့်လေးသွားပို့ပေးပါလား အမေတို့ကခုမှပြောင်းလာတာဆိုတော့မိတ်ဆက်တဲ့အနေနဲ့ပေါ့
Win: အမေကလဲသားမသွားချင်ဘူး အဲ့အိမ်ကလူကြီးကအပေါက်ဆိုးတယ်ဗျ ဟိုတစ်ခါလဲသားကိုအော်သေးတယ်
Win'mom: သားကဘာလုပ်လိုက်လို့အော်တာလဲ
Win: သားဘောလုံးကန်တာသူ့ခေါင်းကိုမှန်သွားလို့တဲ့😌
Win: ငါ့သားကတော့ဖြစ်ရမယ် အဲ့တာသားလွန်တာလေ ကဲပါ သွားပို့လိုက်ပါ အမေလုပ်စရာတွေရှိသေးတယ်
Winလဲသူ့အမေကိုပြောမရတဲ့အဆုံးချိုင့်လေးဆွဲကာထွက်လာလေသည်။ခြံရှေ့ကလူခေါ်ဘဲလ်ကိုတီးလိုက်တော့ဟိုနေ့ကလူကြီးမဟုတ်ဘဲသူနဲ့ရွယ်တူနီးပါရှိသည့်ကောင်လေးတစ်ယောက်ထွက်လာလေသည်။
Win: ကျွန်တော်ကဟိုဘက်ခြံကပါ ပြောင်းလာတာမကြာသေးဘူး အမေကမုန့်လာပို့ခိုင်းလို့ပါ
Drake: လာလေ အထဲဝင်ခဲ့
Winအိမ်ထဲရောက်တော့Drakeကမုန့်ချိုင့်ကိုသွားလှယ်ပီးဆေးနေလေသည်။ထိုအချိန်မှာအိမ်ပေါ်ထပ်ကနေBrightဆင်းလာလေသည်။
Win: အကိုအလုပ်သွားတော့မလို့လားဗျ
Bright: အေး ဟုတ်တယ် ဒါနဲ့မင်းကဘယ်လိုလုပ်ပီးငါ့အိမ်ရောက်နေတာလဲ
Win: ကျွန်တော့်အမေကမုန့်လာပို့ခိုင်းလို့ပါ
Bright: မင်းအမေကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါ
Win: ကျွန်တော့်ကိုရောကျေးဇူးမတင်ဘူးလား
Bright: ဘာလို့တင်ရမှာလဲ မုန့်ကမင်းအမေပေးတာလေ မင်းပေးတာမှမဟုတ်တာ
Win: ဒါပေမယ့်ကျွန်တော်လာပို့တာလေ
Bright: အရပ်ရှည်သလိုဘဲ လျှာလည်းရှည်လိုက်တာ ဒါနဲ့မင်းနာမည်ဘယ်သူလဲ
Win: ကျွန်တော်Winပါခဗျ
ထိုအချိန်တွင်Drakeချိုင့်လေးဆွဲပီးမီးဖိုထဲကထွက်လာလေသည်။