Part 7

457 39 0
                                    

Bright အလုပ်သွားရန်ပြင်ဆင်ပီး အိမ်အောက်သို့ဆင်းလာလေသည်။Drakeကတော့Brightအတွက်မနက်စာပြင်ဆင်နေလေရဲ့။

Drake: အကိုလာလေ မနက်စာစားလိုက်အုံး

Brightလဲစားပွဲမှာဝင်ထိုင်ပီးမနက်စာစားနေလေသည်။Bright Drake ကိုကြည့်လိုက်တော့သူ့ကိုတစ်ခုခုပြောချင်နေပုံရသဖြင့်

Bright: မင်းငါ့ကိုဘာပြောစရာရှိလို့လဲ

Drake: အကို့ကိုကျွန်တော်ခွင့်တောင်းချင်လို့ပါ ကျွန်တော်သူငယ်ချင်းတွေနဲ့အပျော်ခရီးထွက်ချင်လို့ အဲ့တာအကို့ကိုခွင့်တောင်းမလို့

Bright: ဘယ်နှစ်ရက်လောက်ကြာမှာလဲ

Drake: 10ရက်လောက်တော့ကြာမယ်ထင်တယ်

Bright: အေး သွားချင်လဲသွားပေါ့

Drakeလဲပျော်သွားပီးခေါင်းညိမ့်ပြလိုက်လေသည်။

Bright: ဒါနဲ့ ဘယ်တော့သွားကြမှာလဲ

Drake: ဒီနေ့ဘဲအကို နေ့ခင်းကျရင်သွားကြမှာ

Bright: အေး အေး မင်းသွားရင်တံခါးကိုသေချာပိတ်ခဲ့အုံး ငါအလုပ်သွားတော့မယ်

😽😽😽😽😽😽😽😽😽😽😽😽😽😽😽😽

Bright Winတို့အိမ်ကိုလှမ်းကြည့်လိုက်တော့Winလဲအလုပ်သွားရန်အိမ်ထဲမှထွက်လာလေသည်။Winရဲ့ကားကိုတော့မတွေ့ရပါ။ကားပြန်မရသေးဘူးထင်ပါရဲ့။

WinလဲBrightကားပေါ်ကနေသူ့ကိုလှမ်းကြည့်နေသည်ကိုတွေ့ပီးပြုံးပြလိုက်လေသည်။Brightကတော့သူရဲ့ကားကိုWinနားရောက်တဲ့အထိမောင်းလာပီး

Bright: မင်းကားကမပြင်ရသေးဘူးလား

Win: ဟုတ်တယ်အကို ကြာအုံးမယ်လို့ပြောတယ်

Bright: လာ ငါနဲ့လိုက်ခဲ့

Win: ရပါတယ်အကို ကျွန်တော်Taxiဘဲငှားလိုက်ပါ့မယ်

Bright: မင်းကငါ့စကားနားမထောင်တာလား

Win: အဲ့လိုမဟုတ်ပါဘူးအကို ကျွန်တော့်ကြောင့်အကိုအနှောက်အယှက်ဖြစ်နေမှာစိုးလို့ပါ

Bright: ဘာမှမဖြစ်ဘူး လာတက်တော့

Winလဲကားပေါ်တက်လိုက်လေသည်။ကားပေါ်ရောက်တော့Winကစပီးစကားပြောလေသည်။

မင်းရဲ့အရိပ်Where stories live. Discover now