Part 13 🔞

603 34 0
                                    

New အလုပ်ဆင်းတော့Tayအိမ်သို့ဒီညသွားအိပ်မည်ဖြစ်ကြောင်းသူ့အမေထံသို့ဖုန်းဆက်ပြောလေသည်။

New: Hello အမေ သားဒီညအိမ်ပြန်မအိပ်တော့ဘူး Tayအဖေခရီးသွားလို့Tayနဲ့သွားအိပ်မလို့

New'mom: အေးပါ သားရယ် အမေနင့်အဖေကိုပြောလိုက်ပါ့မယ် မနက်ကမင်းအဖေနဲ့အမေရန်ဖြစ်တာကိုလဲတွေးမနေနဲ့နော်သား အမေကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းလိုက်မယ်

New: ဟုတ်ကဲ့ပါအမေ ချစ်တယ်နော်

Newဖုန်းချလိုက်ပီးTayကားနဲ့Tayအိမ်သို့လိုက်သွားလေသည်။

အိမ်ရောက်တော့

Tay: Newမင်းငါနဲ့မအိပ်ချင်ရင်လဲပြောနော် ငါတခြားအခန်းစီစဉ်ပေးမယ်

New: ဘာလဲ မင်းကငါနဲ့မအိပ်ချင်လို့လား

Tay: မဟုတ်ပါဘူးကွာ ငါကမင်းနဲ့နီးနီးကပ်ကပ်နေရင်ငါ့စိတ်တွေထိန်းမရမှာစိုးလို့ပါ😌

New: ထိန်းမရရင်လဲမထိန်းနဲ့လေကွာ😏

Tay: မင်းပြောတဲ့စကားကဘယ်လိုအဓိပါယ်ရောက်သွားလဲဆိုတာရောသိရဲ့လား

New: ငါသိတယ် ငါမင်းနဲ့အတူတူအိပ်မှာ ဘာအခန်းမှပြင်ဆင်မနေနဲ့

Tay: အေးပါကွာ မင်းသဘောဘဲ နောက်မှတစ်မျိုးပြန်မပြောနဲ့နော်😁

Newလဲခေါင်းညိမ့်ပြလိုက်တော့Tayကသူ့အိပ်ခန်းဆီသို့Newကိုခေါ်လာလေသည်။

Tay: ရေချိုးကြမယ် မင်းအရင်ချိုးမလား ငါအရင်ချိုးရမလား ဒါမှမဟုတ်အတူတူချိုးကြမလား

New: မင်းဘဲအရင်ချိုးလိုက်ပါ ပီးမှငါချိုးမယ်

Tay: အေးပါ အဲ့တာဆိုငါသွားချိုးတော့မယ်နော် ငါ့ကိုလိုက်ချောင်းကြည့်မနေနဲ့နော် ရေချိုးခန်းထဲကိုဝင်ချင်ရင်ဝင်လာခဲ့😁

New: အရူးကောင် ငါကဘာလို့ဝင်လာရမှာလဲ သွားချိူးတော့

Tayလဲရေချိုးခန်းထဲဝင်သွားလေသည်။

Newစိတ်ထဲမှာကတော့"ငါမင်းအနားမှာရှိနေနိုင်သေးတဲ့အချိန်လေးအတွင်းမှာ ငါမင်းစိတ်တိုင်းကျနေပေးချင်တယ်Tayရာ"

မင်းရဲ့အရိပ်Where stories live. Discover now