Tay ဒီနေ့Newနဲ့အတူတူအလုပ်သွားချင်သောကြောင့်Newအိမ်သို့ကားကိုဦးတည်ပီးမောင်းလာလေသည်။Tay အိမ်ထဲဝင်သွားတော့
New'por: အော် Tayပါလားလာလေ
Tay: ဟုတ်ကဲ့ဦး ကျွန်တော်Newကိုလာခေါ်တာ အလုပ်အတူတူသွားချင်လို့
New'por: NewကEarthဆိုတဲ့ကောင်လေးလာခေါ်လို့ပါသွားတယ်သားရဲ့
Tay: အော် ဟုတ်ကဲ့ပါဦး အဲ့တာဆိုကျွန်တော်အလုပ်သွားတော့မယ်နော်
Tayအလုပ်ရောက်ပီးတစ်နာရီလောက်အထိNewမရောက်သေးပါ။TayလဲNewဘယ်ရောက်နေလဲသိချင်တာကြောင့်ဖုန်းခေါ်လိုက်လေသည်။
New: အေး ပြောTay ဘာဖြစ်လို့လဲ
Tay: မင်းအခုဘယ်မှာလဲ ဘာလို့ခုချိန်ထိအလုပ်ကိုမရောက်သေးတာလဲ
New: အော် ငါP'Earthနဲ့အပြင်ရောက်နေတာ ကြာအုံးမယ်ထင်တယ်
Tay: ပီးရော ဘယ်တော့မှမလာလဲရတယ် သူ့နားမှာဘဲကပ်နေလိုက်😒
Tayစိတ်ဆိုးပီးဖုန်းချသွားလေသည်။
Earth: Newဘယ်သူဆက်တာလဲ
New: Tayပါအကို
Earth: အကိုအထင်TayကNewကိုချစ်နေတာထင်တယ်
New: မဖြစ်နိုင်ပါဘူးအကိုရာ သူကမိန်းကလေးတွေကိုဘဲကြိုက်တာ
Earth: လူ့စိတ်ဆိုတာပြောလို့မရဘူးကွ တစ်ချိန်ချိန်မှာပြောင်းလဲသွားနိုင်တာဘဲ Newလဲသူ့ကိုချစ်တယ်မဟုတ်လား
New: ဟိုလေ ကျွန်တော် ကျွန်တော်
Earth: အကိုသိပါတယ်ကွာ အကို့အထင်တော့မင်းတို့ရဲ့ခံစားချက်တွေကိုဖုံးကွယ်မထားသင့်တော့ဘူးထင်တယ်
NewလဲEarthရဲ့စကားကိုသေချာစဉ်းစားနေလေသည်။P'EarthပြောသလိုTayကရောသူ့ကိုချစ်နေတာလား ။ Newရဲ့စိတ်ထဲမှာဟိုနေ့ကTayသူ့ရဲ့နဖူးလေးကိုနမ်းနေတာကိုပြန်ပီးမြင်ယောင်လာကာရှက်ပြုံးလေးပြုံးနေလေတော့သည်။
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Winကတော့အလုပ်ထဲမှာဒီနေ့အိပ်ငိုက်နေလေသည်။ညကသူတစ်ညလုံးမအိပ်ရပေ။Brightရဲ့မျက်နှာကသာသူ့အတွေးထဲမှာတဝဲလည်လည်ဖြစ်နေလေသည်။ဒါ့အပြင်သူကမကြာခင်မှာBrightရဲ့အိမ်မှာသွားပီးနေရတော့မည်လေ။သူတစ်ညလုံးအတွေးလွန်နေသောအကျိုးကျေးဇူးကခုတော့ဟန်မဆောင်နိုင်လောက်ကိုအိပ်ငိုက်နေပီဖြစ်သည်။
