အခန်းထဲသို့တိုးဝင်လာသောနေရောင်ခြည်ကြောင့်Winတစ်ယောက်နိုးသွားလေသည်။အဲ့အချိန်မှာWinရဲ့အမေကအခန်းတံခါးခေါက်ကာလာနှိုးနေလေသည်။
Winလဲအလုပ်စဆင်းရတော့မည်ဖြစ်သဖြင့်အမြန်ရေချိုးပီးပြင်ဆင်ကာအောက်ထပ်သို့ဆင်းလာလေသည်။
Mom: သား ကော်ဖီနဲ့မုန့်နဲ့အမေပြင်ထားတယ် စားသွားအုံး
Win: မစားတော့ဘူးအမေ သားသွားတော့မယ် ဒီနေ့မှအလုပ်စဆင်းတာဆိုတော့စောစောရောက်ချင်လို့ပါ
Mom: အေးပါကွယ် အေးပါ ကားလဲဖြည်းဖြည်းမောင်းအုံး
Win: ဟုတ်ကဲ့အမေ သားသွားတော့မယ် ဟုပြောကာသူ့အမေကိုနမ်းပီးထွက်သွားလေသည်။
Brightတစ်ယောက်ကတော့အလုပ်သွားရန်ပြင်ဆင်ပီးကားပေါ်တက်ကာတစ်ဖက်ခြံကိုလှမ်းကြည့်နေရင်းနဲ့စိတ်ထဲကတော့"ဟိုကောင်လေးအိပ်ယာတောင်နိုးသေးရဲ့လား မသိဘူး " ဟုတွေးနေလေသည်။
Bright: ဟာ ငါဘာလို့သူ့အကြောင်းဘဲတွေးနေမိတာလဲ မင်းကငါ့ရဲ့အတွေးထဲကိုအချိန်တိုင်းနီးပါးရောက်နေပါလားကွာ မင်းတော်တော်ဆိုးတဲ့ကောင်လေးဘဲ ဟုပြောကာအလုပ်ဆီသို့ကားမောင်းသွားလေတော့သည်။
💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗
Brightကားမောင်းနေရင်းနဲ့လမ်းမှာကောင်လေးတစ်ယောက်ကားပျက်နေလို့ထင်ပါရဲ့။ကားကိုကြည့်လိုက် ခေါင်းကုတ်လိုက်လုပ်နေလေသည်။
ကောင်လေးမျက်နှာဒီဘက်လှည့်လိုက်တော့Winဖြစ်နေ၍Brightကားရပ်လိုက်လေသည်။
Bright: Winဘာဖြစ်လို့လဲ
Win: ကျွန်တော့်ကားပျက်သွားပြန်ပီထင်တယ် ကားပြင်မယ့်သူတွေကိုတော့ဖုန်းဆက်ထားတယ် လာခဲ့မယ်တဲ့ အကိုကရောခုမှသွားတာလား
Bright: အေး ဟုတ်တယ် မင်းရဲ့ကားပြင်ပီးတဲ့အချိန်အထိစောင့်နေရင်မင်းအလုပ်နောက်ကျနေလိမ့်မယ် ကားကိုထားခဲ့လိုက်တော့ ငါနဲ့လိုက်ခဲ့
Win: ဟုတ်ကဲ့ ကျေးဇူးပါအကို ခဏနော် အကို ကားပြင်တဲ့သူတွေကိုကားထားခဲ့တယ်လို့ပြောလိုက်အုံးမယ်
