Part 4

478 42 0
                                    

ဒီနေ့အလုပ်ပိတ်ရက်ဖြစ်သဖြင့်Tayပျင်းနေလေသည်။Newကိုအပြင်သွားရန်ဖုန်းဆက်လိုက်လေသည်။

Tay: Hello New

New: အေး ပြောTay

Tay: မင်းအိမ်မှာလား ငါအပြင်သွားချင်လို့မင်းကိုလာခေါ်မလို့

New: ငါအပြင်ရောက်နေတာTay

Newနောက်မှEarthရောက်လာပီး

Earth: Newအအေးဝယ်လာတယ် ပီးရင်သောက်လိုက်အုံးနော်

New: ဟုတ်ကဲ့အကို

Tay: မင်းနားကဘယ်သူလဲ

New: P'Earth ပါ

Tay: ဘာ မင်းကသူနဲ့အပြင်သွားတာလား

New: ဟုတ်တယ်လေ မနက်ကအပြင်သွားချင်လို့အဖော်လိုက်ခဲ့ပါဆိုပီးဖုန်းဆက်ပီးအိမ်လာခေါ်တာ

Tay: ဘာ သူကမင်းအိမ်ကိုတောင်လာခေါ်တယ်ပေါ့လေ

New: တိုးတိုးပြောပါTayရာ ငါနားကောင်းပါတယ်
သူကငါတို့နဲ့အလုပ်အကြောင်းကြောင့်ပတ်သတ်နေရတာဘဲလေ အဲ့တာကြောင့်ငါလိုက်သွားတာပါ

Tay: ထားလိုက်ပါတော့ ဒါနဲ့မင်းတို့ကခုဘယ်မှာလဲ
ပီးရင်ဘယ်သွားကြအုံးမှာလဲ

New: ပီးရင်သူကတော့ရုပ်ရှင်ကြည့်ချင်တယ်ပြောတာဘဲ

Tay: မင်းကသူနဲ့နှစ်ယောက်ထဲကြည့်ချင်နေတာလား မရဘူးငါလာခဲ့မယ်

New: လာမနေပါနဲ့ကွာ အလုပ်ပိတ်ရက်လေးအိမ်မှာဘဲနားပါ ပီးတော့မင်းကရုပ်ရှင်ကြည့်ရတာလဲဝါသနာသိပ်မပါဘဲနဲ့

Tay: ဘာလဲ မင်းကငါပါရင်ဟိုလူနဲ့လွတ်လွတ်လပ်လပ်မနေရမှာစိုးလို့လား

New: မင်းဘာ‌တွေပြောနေတာလဲTay ပြောမရလဲလာကွာ ငါတို့ရုပ်ရှင်ရုံမှာစောင့်နေမယ် ဒါဘဲနော် ဟုပြောကာဖုန်းချလိုက်လေသည်။

Earth: Tayဆက်တာလား ဘာတဲ့လဲ

New: သူလဲရုပ်ရှင်လာကြည့်ချင်လို့တဲ့ အဲ့တာလာခိုင်းလိုက်တယ် အဲ့တာP'Earthအဆင်ပြေရဲ့လား

Earth: Newကသူ့ကိုလာခိုင်းပီးမှအကို့ကိုအဆင်ပြေလားလို့လာမေးနေရသေးလား

New: အဲ့တာဆိုအကိုအဆင်မပြေဘူးပေါ့ ကျွန်တော်ဖုန်းပြန်ဆက်လိုက်မယ်လေနော် မလာခဲ့ဖို့ကို

မင်းရဲ့အရိပ်Where stories live. Discover now