Brightတစ်ယောက် ဒီနေ့အလုပ်လျှောက်ရန်ရောက်နေကြသည့်သူများကိုအလုပ်ပေးသင့်မပေးသင့်ကိုဆုံးဖြတ်ရမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်Tayနဲ့Newကသူ့ရဲ့ဇီဇာကြောင်မှု့ကိုသိနေသောကြောင့်သူကြိုက်တဲ့သူကိုသာအလုပ်ခန့်ရန်သဘောတူထားလေသည်။
Bright: Interview မယ့်သူဘယ်နှစ်ယောက်ရှိလဲ
Staff: စာရင်းပေးထားတာကတော့7ယောက်ပါဆရာ ဒါပေမယ့်ခုတော့6ယောက်ဘဲယောက်ပါသေးတယ်
Bright: အေး သူတို့ကိုတစ်ယောက်ချင်းဆီလွှတ်လိုက်
လျှောက်သည့်သူများတစ်ယောက်ပီးတစ်ယောက်ဝင်လာလေသည်။6ယောက်လုံးကိုBrightသဘောမကျပါ။ဒါ့ကြောင့်အကုန်ပြန်လွှတ်လိုက်လေသည်။အဲ့အချိန်မှာBrightရဲ့ဝန်ထမ်းက "ဆရာ နောက်ဆုံးတစ်ယောက်ကခုမှရောက်တာ အဲ့တာလွှတ်လိုက်ရမလား"
Bright: အေး လွှတ်လိုက်
ကောင်လေးတစ်ယောက်ပြာယာခတ်ပီးဝင်လာလေသည်။Brightမော့ကြည့်လိုက်တော့Winဖြစ်နေလေသည်။
Bright: မင်းကဒီကိုအလုပ်လာလျှောက်တာလားWin
Win: ဟုတ်ကဲ့အကို အကိုကဒီCompanyပိုင်ရှင်လား
Bright: ဆိုပါတော့ ငါတို့သူငယ်ချင်းသုံးယောက်စပ်တူလုပ်ကြတာလေ
Win: အော် အကိုတို့ကိုအရမ်းအားကျတာဘဲ ကျွန်တော်လဲတစ်ချိန်မှာအဲ့လိုလုပ်နိုင်အောင်ကြိုးစားမယ်
Bright: အေးပါ ခုတော့ထိုင်အုံး မင်းကိုငါInterviewရအုံးမယ်
Winလဲထိုင်လိုက်ပီးBrightမေးသမျှကိုတိကျသေချာစွာဖြေနေလေသည်။
Bright: ဒီလောက်ဆိုရပီ မင်းမနက်ကစပီးအလုပ်ဆင်းလို့ရပီ
Win: တကယ်လားအကို ပျော်လိုက်တာ
Bright: အရမ်းလဲပျော်မနေနဲ့အုံး မင်းကငါနဲ့တစ်ခန်းထဲအတူတူလုပ်ရမှာနော် ငါကအလုပ်နဲ့ပတ်သတ်ရင်ဘယ်သူ့ကိုမှညှာတာနေမှာမဟုတ်ဘူး
Win: အကိုစည်းကမ်းကြီးမှန်းကျွန်တော်သိပါတယ် ကျွန်တော်အလုပ်ကြိုးစားမှာပါ
Bright: အဲ့တာဆိုလဲပီးရော ခုပြန်လို့ရပီ
Win: ဟုတ်ကဲ့အကိုကျေးဇူးပါနော်