Brightအလုပ်သွားရန်ပြင်ဆင်ပီးအောက်သို့ဆင်းလာလေသည်။Winနဲ့သူချစ်သူဖြစ်တာလဲ2လပြည့်တော့မည်ဖြစ်သည်။Brightအောက်ဆင်းလာတော့Drakeမနက်စာပြင်ဆင်နေသည်ကိုတွေ့ရလေသည်။
Drake: အကို လာ မနက်စာစားကြရအောင်
Brightလဲထိုင်ခုံပေါ်ဝင်ထိုင်လိုက်ပီး
Bright: မင်းတို့ကျောင်းပြန်ဖွင့်တော့မှာမဟုတ်လား
Drake: တစ်လလောက်တော့လိုသေးတယ်အကို
Bright: အေးပါ ကျောင်းဖွင့်ရင်လဲစာဘဲလုပ်နော် အပေါင်းအသင်းကိုလဲကြည့်ပေါင်းအုံး
Drake: ဟုတ်ကဲ့ပါအကိုရ ကျွန်တော်လိမ်လိမ်မာမာနေမှာပါ
Bright: ငါသွားတော့မယ် အိမ်ကိုလဲဂရုစိုက်အုံး ဂိမ်းဘဲဆော့မနေနဲ့
Drake: ဟုတ်ကဲ့အကို
Bright Winတို့ခြံရှေ့မှာကားဟွန်းတီးလိုက်တော့Winပြေးထွက်လာသည်။Winအမေပြန်လာထဲကBrightကWinကိုသူနဲ့ဘဲအလုပ်အတူတူသွားရန်Winအမေဆီခွင့်တောင်းခဲ့လေသည်။
Bright ကားပေါ်ရောက်တော့သူ့ဘေးနားကWinကိုခဏခဏကြည့်နေလေသည်။
Win: အကို ကားကိုဂရုစိုက်မောင်းလေဗျာ ကျွန်တော့်ကိုဘဲကြည့်မနေနဲ့
Bright: အကို့ကလေးကချစ်ဖို့ကောင်းနေတာကို အကိုကချစ်လို့ကြည့်တာလေကွာ
Win: အကိုကလေ အပိုတွေသိပ်ပြောတာဘဲ ကျွန်တော်နဲ့စတွေ့တဲ့အချိန်တုန်းကပုံစံနဲ့ခုပုံစံကတခြားဆီဘဲ
Bright: အဲ့တာကတော့ယုန်ပေါက်ကကို့ကိုချစ်တတ်အောင်သင်ပေးခဲ့တာကိုး
Win: အကိုအရင်ကဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူးလား
Bright: ချစ်မိတာလား ဘာလားတော့မသိဘူး အကိုငယ်ငယ်ကအခုWinတို့နေတဲ့အိမ်မှာေနခဲ့ဖူးတဲ့အကိုနဲ့ရွယ်တူကောင်မလေးတစ်ယောက်နဲ့တော့ရင်းနှီးဖူးတယ် စိတ်ကစားတဲ့အရွယ်ဆိုတော့ဘယ်လိုပြောရမလဲ စိတ်ကစားမိတာထင်ပါတယ် နောက်တော့သူတို့လဲအိမ်ပြောင်းသွားကြတယ်လေ နောက်တော့Winတို့ခုဝယ်လိုက်တဲ့အိမ်ပိုင်ရှင်ကအဲ့အိမ်ကိုပြောင်းလာတာ ခုတော့Winတို့ကသူ့ဆီကပြန်ဝယ်ပီးပြောင်းလာတာပေါ့
