Brightအလုပ်ပိတ်ရက်ဖြစ်သဖြင့်Winကိုခေါ်ပီးTayအိမ်သို့သွားရန်ပြင်ဆင်နေလေသည်။
Bright Winတို့အိမ်ထဲဝင်သွားတော့Winအမေနဲ့တွေ့လေသည်။
Bright: အန်တီ Winနိုးပီလား
Win'mom: မနိုးသေးဘူးသားရေ ခုထိအိပ်နေတုန်းဘဲ
Bright: ဟင် ကျွန်တော်နဲ့ဒီနေ့အပြင်သွားမယ်လို့သူ့ကိုပြောထားတဲ့ဟာကို
Win'mom: ဟုတ်လား သားလေးကမေ့နေတာထင်တယ် သားဘဲသွားနှိုးပေးပါလား အန်တီကမနက်စာပြင်နေရင်းတန်းလန်းဖြစ်နေလို့
Bright: ဟုတ်ကဲ့အန်တီ သူ့အခန်းကဘယ်အခန်းလဲမသိဘူး
Win'mom: အပေါ်ကိုတက်သွားလိုက် ဘုရားခန်းတွေ့လိမ့်မယ် ဘုရားခန်းရဲ့ညာဘက်ကသားလေးရဲ့အခန်းဘဲ
Bright: ဟုတ်ကဲ့အန်တီ ဒါဆိုသားသွားနှိုးလိုက်မယ်နော်
Bright Winရဲ့အခန်းထဲသို့ဝင်လာတော့Winကစောင်ပုံကြားထဲမှာမျက်နှာလေးဘဲပေါ်နေလေသည်။
Bright: Win Winထတော့လေ
Winကလှုပ်တောင်မလှုပ်ပါ။Brightလဲနှိုးမရတာနဲ့Winရဲ့ပါးလေးတွေကိုဆွဲညှစ်လိုက်လေသည်။
Bright: ယုန်ပေါက် အိပ်ပုတ်ကြီးမနေနဲ့ ခုထတော့
Win: ဟာ အမေကလဲအစောကြီးရှိသေးတာကိုမထချင်ဘူး
Bright: အရူးလေး အန်တီနှိုးနေတာမဟုတ်ဘူး ကိုနှိုးနေတာ ခုထတော့
Winလဲ အဲ့တော့မှပြာပြာသလဲနဲ့မျက်လုံးဖွင့်ကြည့်ပီးထထိုင်လိုက်ကာ
Win: ဟင် အကိုကဘယ်လိုဖြစ်လို့ကျွန်တော့်အိပ်ခန်းထဲရောက်နေရတာလဲ
Bright: ဒီနေ့Tayဆီသွားဖို့ပြောထားတယ်လေ မေ့နေပီလား အဲ့တာကြောင့်ခုထိမထသေးလို့လာနှိုးတာလေ
Win: အော် ဟုတ်သားဘဲ ကျွန်တော်မေ့နေတာ ခဏစောင့်နော် ကျွန်တော်မျက်နှာသစ်လိုက်အုံးမယ်
Winကုတင်ပေါ်ကဆင်းရန်ပြင်နေသည်ကိုBright ကလက်လှမ်းဆွဲလိုက်တော့Brightရဲ့ဘေးနားကိုWinရဲ့ကိုယ်လုံးလေးကျလာလေသည်။
Win: ဘာဖြစ်လို့လဲအကို ကျွန်တော်မျက်နှာသစ်တော့မယ်လေ
Bright: ကို့ကိုအာဘွားပေး😙
