Part 16

372 30 0
                                    

New ဆေးဆိုင်သွားတုန်းTay Coffeeသောက်ချင်လာသဖြင့် Company ရှေ့ကCoffee ဆိုင်သို့ထွက်လာလေသည်။

ဆိုင်ထဲရောက်တော့လူရှင်းတဲ့နေရာကိုရှာရင်း အစွန်ဆုံးစားပွဲနားကလူနှစ်ဦးဆီသို့အကြည့်ကရောက်သွားလေသည်။

Tay: ဟင် အဲ့တာNewမဟုတ်လား သူ့ရှေ့မှာထိုင်နေတာကMonဘဲ

TayလဲNewတို့စားပွဲဝိုင်းဆီသို့လျှောက်လာပီးNewကိုခေါ်လိုက်တော့သူ့ကိုအလန့်တကြားနဲ့လှည့်ကြည့်လာလေသည်။

Tay: မင်းပြောတော့ဆေးဆိုင်သွားတာဆို ဒီမှာဘာလာလုပ်နေတာလဲ

New: ဟိုလေ ဟို ငါCoffeeသောက်ချင်လို့ဆိုင်ထဲခဏဝင်လာတာ

Tay: Mon နင်ကရောဘာလို့Newနဲ့လာထိုင်နေတာလဲ

Mon: ငါ့ဘာသာငါဘယ်သူနဲ့ထိုင်ထိုင်နင်နဲ့မဆိုင်ပါဘူး

Tayတောက်ခေါက်လိုက်ပီးNewကိုပြန်ကြည့်ကာ

Tay: အရမ်းတွေပျော်နေလားNew

New: မဟုတ်ဘူးTay ငါကဒီကိုCoffeeသောက်ဖို့လာတာ

Mon: ဘာလို့သူ့ကိုလိမ်နေတာလဲNew သူကဘာမို့လို့လဲ

Tay: Newကငါ့ကိုလိမ်နေတာတဲ့လား ပြောစမ်းပါအုံး ငါ့ကိုဘာတွေလိမ်ထားတာလဲ

Mon: ငါပြောပြမယ် နင်နဲ့Newကအရမ်းခင်တဲ့သူငယ်ချင်းတွေဆိုတာကိုငါသိပါတယ် ဒါပေမယ့်တစ်နေ့ကျရင်နင်ရောNewရောကမိန်းမယူကြမှာဘဲလေ ခုထဲကသံယောဇဉ်တွေဖြတ်ထားကြတာကောင်းမယ်ထင်တယ်

New: Mon နင့်ပါးစပ်ပိတ်ထား

Tay: အဲ့တော့ဘာဖြစ်လဲ ငါဘာသာငါNewနဲ့ခင်တာဘယ်သူ့ကိုထိခိုက်နေလို့လဲ

Mon: ငါ့ကိုထိခိုက်တယ်ဟဲ့ ငါကမကြာခင်မှာNew နဲ့လက်ထပ်တော့မယ့်သူဘဲ

New: Mon

Tay: New သူပြောတာတကယ်လား

New: ငါနင့်ကိုမယူဘူးလို့ပြောပီးပီလေ Mon ဘာလို့အဲ့လိုတွေပြောနေတာလဲ

Mon: ပြောတော့ဘာဖြစ်လဲ ငါကမှန်တာကိုပြောတာလေ

New: နင်တော်လိုက်တော့နော် လာ Tay ပြန်ကြမယ်

New Tayရဲ့လက်ကိုဆွဲလိုက်တော့Tayကပြန်ခါထုတ်လိုက်ပီး

Tay: ငါ့ကိုဘာလို့လိမ်တာလဲ ငါ့ကိုလိမ်ပီးဒီမှာချိန်းတွေ့နေရတာအရမ်းပျော်နေတယ်မဟုတ်လား နေခဲ့ ငါထွက်သွားပေးမယ်

မင်းရဲ့အရိပ်Where stories live. Discover now