Dr-ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး မေ့ဆေးကအရမ်းပြင်းတာမို့ ဆေးအရှိန်ကြောင့်အားနည်းနေတာရော ခေါင်းကဒဏ်ရာရောကြောင့် သတိလစ်သွားတာပါ အခုတော့အားဆေးသွင်းပေးထားတယ် ခေါင်းက ဒဏ်ရာကလဲ သိပ်မနက်တာမို့ စိုးရိမ်စရာမရှိပါဘူး ခဏနေသတိရလာပါလိမ့်မယ်
Yg- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Dr.
လို့ပြောတော့ ခေါင်းငြိမ့်ပြကာအခန်းထဲကထွက်သွားတော့မှ Yoongi Taehyung နဲ့ hoseok သုံးယောက်တူတူသက်ပြင်းချလိုက်မိသည် Yui သတိလစ်သွားတဲ့အချိန် Yui တို့ဒုတိယနှစ်က ဆရာရော ကျောင်းအုပ်ပါရောက်လာကာ Yui ကိုဆေးရုံပို့ခိုင်းရင်း သူတို့သုံးယောက်ကိုပါ ကျောင်းစောဆင်းခိုင်းလိုက်လေသည် Jimin နဲ့ Jungkook ကတော့ ကျောင်းအုပ်ခေါ်လို့ကျောင်းမှာကျန်နေခဲ့လေရဲ့ ခေါ်တာကတော့ Jimin ကိုခေါ်တာဆိုပေမယ့် Jungkook ကပါ နေခဲ့မယ်လုပ်နေတာမို့ သူတို့လဲ အတင်းခေါ်မနေတော့
ယွန်ဂီလဲ Yuiကုတင်ဘေးက ခုံလေးမှာထိုင်ကာ Yuiလက်လေးကိုကိုင်ပြီး သူ့ပါးနဲ့ကပ်ထားလိုက်ရင်း ဆံပင်လေးတွေ သပ်တင်ပေးလိုက်သည် ဒါကိုမြင်တဲ့ Taehyung က
Tae-အဲ့လောက်တောင်ချစ်တာလား ယူအီ့ကို
Yg-မင်းရောသိနေတာလား
Tae-ဒီနေ့မှရိပ်မိတာပါ hyung ပုံစံကသိသာနေတာကြီးကို
ယွန်ဂီလဲ ဘာမှပြန်မပြောဘဲ ပြုံးဘဲပြုံးနေလိုက်သည် ထယ်ယောင်းသိတာပေါ့ သူ ယူအီ ပျောက်နေကြောင်းပြောပြလိုက်တော့ yoongi hyung မျက်နှာက ဘယ်လောက်စိတ်ပူနေတယ်ဆိုတာ အသိသာကြီးလေ သူမှမဟုတ် သူ့နေရာမှာတစ်ခြားသူဆိုလဲ ရိပ်မိမှာပဲ အခုလဲဘာမှမဖြေ ပြုံးပြုံးကြီးထိုင်နေတာမို့သေချာတယ် ဒီ hyung ယူအီ့ကိုတော်တော်လေး စွဲလမ်းနေပြီဆိုတာ.......
Hs-တော်ပါသေးတယ် ဘာမှသိပ်မဖြစ်သွားလို့ ငါက အရမ်းလန့်နေလိမ့်မယ်ထင်တာ သူ့ပုံစံကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ ငါမှန်းတာ နည်းနည်းလွဲသွားတယ်ထင်တယ်
Yg-မဟုတ်ဘူး Hoseok သူ ကြောက်တော့ကြောက်နေတယ်ရယ် ငါတို့ကို မပြောတာပဲရှိတာ သူငါ့ကို ပြန်ဖက်လိုက်တဲ့အချိန် ငါရိပ်မိလိုက်တယ် သူကြောက်နေတယ်ဆိုတာကို

YOU ARE READING
💟 Someone You Love 💟(Season 1)
Fanfictionသူ့ဘ၀ရဲ့အတိတ်ဆိုးတေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးနဲ့........ အဖေရဲ့ ချုပ်ချယ်မှုတေကြား လှောင်အိမ်ထဲကငှက်ကလေးပမာ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးတို့အမှတ်မထင် တွေ့ဆုံရာမှ ချစ်ကြိုက်မိသွားတဲ့အခါ ဘာတေဆက်ဖြစ်လာမလဲ...... ပြဿနာတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရ...