Seokjin တစ်ယောက် အလုပ်ကိစ္စနဲ့ ဒယ်ဂူရောက်နေတုန်း ကျောင်းအုပ်ကြီးဆီက Yui တို့အကြောင်းဖုန်းရရချင်း ရှိသမျှအလုပ်တေအကုန် namjoonနဲ့လွှဲထားခဲ့ကာ ဆိုးလ် ကို အပြေးပြန်လာခဲ့သည် လာတဲ့လမ်းမှာလဲ သူ့သူငယ်ချင်း ဆရာဝန်Ken ကို ဖုန်းဆက်ပြီး ငယ်လေးကိုသေချာဂရုစိုက်ပေးဖို့ အကူအညီလှမ်းတောင်းထားရသည် စိတ်တွေလဲအရမ်းပူနေတာကြောင့် ကားကိုအသားကုန်မောင်းလာတာ Seoul ကိုဘယ်လိုလာရောက်မှန်းတောင်မသိလိုက် စောစောက ကျောင်းအုပ်က ဘယ်ဆေးရုံဆိုတာ message လှမ်းပို့ထားတာမို့ ဆေးရုံကိုအပြေးသွားရင်း ငယ်လေးအခန်းနားရောက်ခါနီး ဂျီမင်းနဲ့အတူ Ken ရော nurse တေပါ အခန်းထဲအပြေးဝင်သွားတာမို့ seokjin စိတ်ပူသွားကာ စောစောက ပိတ်သွားတဲ့ တံခါးကို အသားကုန်ဆွဲဖွင့်ပြီး
Jin- ငယ်လေး!!!
Yui- Jin hyung?
လို့ဆိုကာ သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်လာတဲ့ ငယ်လေးကြောင့် သူ့ရင်ထဲက အပူလုံးကြီးကျသွားရသည် seokjinလဲ သူ့ညီမလေးကိုပြေးဖက်ကာ
Jin-ငယ်လေးရယ် hyung စိတ်ပူလိုက်ရတာ ကြည့်ရအောင် ဘာဖြစ်သွားသေးလဲ သက်ရောသက်သာရဲ့လား ဘယ်လိုနေသေးလဲ တခြားဘယ်နေရာတေရောထိထားသေးလဲ
သူမ မျက်နှာကိုကိုင်ကာ ဟိုဘက်ဒီဘက်ယမ်းပြီး မေးခွန်းတေဆက်တိုက်မေးနေတဲ့ Jin hyung ကြောင့် ခေါင်းတောင်မူးသွားသလိုလို
Yui- ဖြေးဖြေးမေးပါ hyung ရယ် ငယ်လေး ဘယ်ကစဖြေရမှန်းတောင်မသိတော့ဘူး
Ken-ဟုတ်သားပဲ seokJin ရယ် ဖြေးဖြေးမေးပါ့လား မင်းညီမက အခုမှသတိရလာတာ ဖယ် ငါကြည့်အုံးမယ်
Ken လဲ ဆော့ဂျင် နဖူးကို လက်ညိုးနဲ့တွန်းလိုက်ကာ ဖယ်ခိုင်းလိုက်ရင်း ယူအီ့ကိုစမ်းသပ်ဖို့လုပ်လေသည် ခဏကြာတော့
Ken-ဘာမှစိုးရိမ်စရာမရှိတော့ပေမယ့် ခေါင်းကဒဏ်ရာအရှိန်ကြောင့် ခေါင်းကိုက်တာတော့ဖြစ်နေလိမ့်မယ် ပြီးတော့ ကျောမှာလဲ အရိုက်ခံထားရတာထင်တယ် ဒဏ်ရာတစ်ခုတွေ့တယ် အရိုးထိတာမျိုးမရှိပေမယ့် သွေးခြေဥသွားတာဆိုတော့ အိပ်ယာကနေထတဲ့အခါကျရင်တော့ တစ်ချက်တစ်ချက်နာတာမျိုးဖြစ်လိမ့်မယ် အဲ့တာလေးတော့ နည်းနည်းဂရုစိုက်ပြီးထပေါ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကဒါပါပဲ တချို့နေရာတွေမှာ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာရှိပေမယ့် အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ အားလဲနည်းနေသေးတယ်ဆိုတော့ အားဆေးထပ်သွင်းပေးထားခဲ့မယ် ဆေးကုန်ရင် ဆေးရုံဆင်းလို့ရပြီဆိုပေမယ့် ဒီနေ့တော့ ဆေးရုံမှာပဲ နားနေလိုက်တော့ မနက်ဖြန်မှပဲ ဆေးရုံဆင်းတော့ဟုတ်ပြီလား
![](https://img.wattpad.com/cover/236516179-288-k892448.jpg)
YOU ARE READING
💟 Someone You Love 💟(Season 1)
Fanfictionသူ့ဘ၀ရဲ့အတိတ်ဆိုးတေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးနဲ့........ အဖေရဲ့ ချုပ်ချယ်မှုတေကြား လှောင်အိမ်ထဲကငှက်ကလေးပမာ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးတို့အမှတ်မထင် တွေ့ဆုံရာမှ ချစ်ကြိုက်မိသွားတဲ့အခါ ဘာတေဆက်ဖြစ်လာမလဲ...... ပြဿနာတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရ...