Part (10)

1.3K 137 28
                                    

CEO Lee- ရောက်လာပါပြီလား CEO Kim

Jin-လိုရင်းပဲပြောပါ ကျွန်တော့်မှာ အချိန်မရှိဘူး

သူရောက်လာတာနဲ့ သူ့ကိုခနဲ့သလိုပြောနေတဲ့ CEO Lee ကိုကြည့်ပြီး စိတ်မရှည်တာကြောင့် seokjin ပိတ်ပြောလိုက်မိသည် ငယ်လေးသွားခိုင်းလို့သာ လာရတာ ငယ်လေးအကြောင်းသူအသိဆုံး ဘယ်လောက်ပဲအဆင်ပြေတယ်ပြောပြော သူ့ကိုအနားကအခွာခံတဲ့သူမဟုတ် မြန်မြန်ရှင်းပြီးမြန်မြန်ငယ်လေးဆီသွားရမယ်

CEO lee- လိုရင်းဆိုတော့လဲ လိုရင်းပေါ့ ဘာအကြောင်းကိစ္စနဲ့ ရှယ်ယာတွေ အကုန်ပြန်ထုတ်သွားတာလဲ CEO Kim..... အဲ့ကိစ္စနဲ့ပက်သက်ပြီး ခင်ဗျား ကျုပ်ကိုreason ကောင်းကောင်းလေးတော့ပေးဖို့လိုလိမ့်မယ်ထင်တယ်

Jin-ဟက်....reason ကောင်းကောင်းလေးလား.....သိပ်ရှိတာပေါ့ ခင်ဗျားသားတွေကြောင့်လို့ပြောရင် လုံလောက်ပါတယ် ဟုတ်တယ်မလား

CEO lee-ကျုပ်သားတွေနဲ့ ဘာဆိုင်လို့လဲ

Jin- ဆိုင်တာမှ အများကြီးဆိုင်တာပေါ့ ခင်ဗျားသားအငယ် Lee Minho က ကျွန်တော့်ညီ Jimin ကိုယောင်္ကျားချင်း မကောင်းလုပ်ဖို့ကြံတယ် ခင်ဗျားသားအကြီး Lee Taemin က ကျွန်တော့် ညီမ Yui ကို အသေသတ်ဖို့လုပ်ခဲ့တယ်လေ ကံကောင်းလို့ မသေပေမယ့် ကျွန်တော့် ညီမ‌လေးက အခုဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ် အဲ့တော့ ကျွန်တော် ခင်ဗျားရဲ့သားတွေကို တရားမစွဲဘဲ ရှယ်ယာတွေပဲပြန်ထုတ်လိုက်တာကို ခင်ဗျားကျေးဇူးတောင်တင်သင့်တယ်လို့မထင်ဘူးလား

CEO Lee- ငါ့သားတွေလုပ်တယ်ဆိုတဲ့သက်သေရှိလို့လား

Jin- သက်သေ.....လိုလို့လား လိုတယ်ဆိုလဲ ကျွန်တော့်မှာ သက်သေအကုန်ရှိတယ် အချိန်မရွေး ခင်ဗျားသား‌တွေကို တရားကောက်စွဲလိုက်လို့ရတယ် အဲ့တာဆို ခင်ဗျားတို့ မိသားစုအရှက်ကွဲမယ်အပြင် အခန့်မသင့်ရင် ခင်ဗျားသားတွေ ထောင်ကျသွားနိုင်တယ်မဟုတ်ဘူးလား အဲ့လိုဖြစ်တာထက် company  ရှယ်ယာလျော့သွားတာက ခံသာသေးတယ်လေ မဟုတ်ဘူးလား ပြီးတော့ 20%ထဲလေ နည်းနည်းလေးပဲ‌မလား အဲ့လောက်နဲ့ company ဒေဝါလီမခံရပါဘူး အေးဆေးပေါ့.....

Seokjin အပြုံးမပျက်ပဲပြောလိုက်တော့ မျက်နှာပျက်သွားတဲ့ CEO Lee ကို ကြည့်ပြီး seokjin ကျေနပ်နေမိသည် အမှန်တော့ တမင်ရွဲ့ပြောလိုက်တာပင် တရားစွဲတာထက် ရှယ်ယာပြန်ထုတ်လိုက်တာက CEO Lee အတွက်ပိုအထိနာသည် တရားမစွဲတာက အလုပ်လဲရှုပ်တဲ့အပြင် ငယ်လေးကိုယ်တိုင်က မလုပ်ခိုင်းတာကြောင့် တရားမစွဲခြင်းသာ ကိုယ့် company image ထိခိုက်မှာစိုးတာလဲပါသည် နဂိုကတည်းက သိပ်ကြည့်ရ‌နေတာမဟုတ် သူတို့ကြောင့်နဲ့တော့ ကိုယ့် company ကို အထိခိုက်မခံနိုင်ဘူး

💟 Someone You Love 💟(Season 1)Where stories live. Discover now