"ငါဘယ်ရောက်နေတာလဲ"
Yoongi မှိတ်ထားတဲ့ မျက်ဝန်းတွေကို အားယူပြီးဖွင့်ကြည့်လိုက်ရင်း မရင်းနှီးတဲ့ မျက်နှာကျက်တစ်ခုကို တွေ့လိုက်ရတာကြောင့် စိတ်ထဲကနေ မေးခွန်းထုတ်လိုက်မိသည် ဘေးပတ်၀န်းကျင်ကို လှည့်ကြည့်တော့လဲ အခန်းအပြင်အဆင်အရ ဆေးရုံတော့မဟုတ်ပေ သူ့ဘေးမှာလဲ လူတစ်ယောက် လှဲအိပ်နေတယ်လို့ ခံစားရတာကြောင့်ကြည့်လိုက်တော့
Yg- Jimin......
ကြည့်ရတာ အိပ်ပျော်နေတယ်ထင်တယ် ဘာတွေဖြစ်ကုန်တာလဲ Yui သတိလစ်ပြီး jin hyung ရော Namjoon hyung ရော Ken ဆိုတဲ့ ဆရာဝန်ပါရောက်ချလာပြီး အခြေအနေတော်တော်ဆိုးနေတယ်ဆိုပြီး yuiကို ပွေ့ချီသွားပြီးတော့ သူပါနောက်ကလိုက်ဖို့လုပ်ရင်း အဲ့နောက်ပိုင်း သူမမှတ်မိတော့ဘူး Yui ရော အဆင်ပြေရဲ့လား ကျန်တဲ့သူတွေရော ဘယ်ရောက်ကုန်ပြီလဲ
သူတွေးနေတုန်းမှာပဲ အခန်းထဲHoseok, Taehyung နဲ့ Jungkookတို့ ၀င်လာကာ သူနိုးတာကိုမြင်တော့ .....
Tae+ Jk-Yoongi Hyung ....
Hs-Yoongi သတိရလာပြီလား
Yg-hoseok.....ငါဘယ်ရောက်နေတာလဲ
Hs- Yui အိမ်မှာလေ ဒါ Jimin နေတဲ့ အခန်း ....
Yg-ဘယ်လိုလုပ်ပြီး ငါဒီအခန်းထဲရောက်လာတာလဲ ငါပါသတိလစ်သွားတာလား
Hs-အင်းး မင်းရုတ်တရက်ကြီး လဲကျသွားတော့ ငါတို့တောင်လန့်သွားသေးတယ် မင်း ဗိုက်ကဒဏ်ရာက နည်းနည်းနက်တာမို့ မလှုပ်သေးနဲ့အုံး ချုပ်ရိုးပြန်ပွင့်သွားလိမ့်မယ်
Yg-Yuiရော ....သူဘယ်မှာလဲ အဆင်ပြေရဲ့လား ပြန်နိုးလာပြီလား သွေးတွေအန်နေသေးလား ဘယ်လိုနေသေးလဲ.........အ့!
ရုတ်တရက် စကားပြောရင်း ကောက်ထလိုက်တာမို့ ဓားထိုးခံထားရတဲ့ နေရာကထိုးအောင့်လာတာကြောင့် တစ်ချက်ငြီးလိုက်မိသည်
Hs- မင်းကတော့လေ မလှုပ်နဲ့အုံးလို့ ငါဒီလောက်ပြောနေတာကို .....
Yg- Yui....အဆင်ပြေတယ်မလား
ကိုယ့်ဒဏ်ရာကိုတောင် အာရုံမစိုက်နိုင်ပဲ Yui ကိုသာမေးနေတာမို့ Hoseok လဲသက်ပြင်းတစ်ချက်ချလိုက်ရင်း

YOU ARE READING
💟 Someone You Love 💟(Season 1)
Fanfictionသူ့ဘ၀ရဲ့အတိတ်ဆိုးတေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးနဲ့........ အဖေရဲ့ ချုပ်ချယ်မှုတေကြား လှောင်အိမ်ထဲကငှက်ကလေးပမာ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးတို့အမှတ်မထင် တွေ့ဆုံရာမှ ချစ်ကြိုက်မိသွားတဲ့အခါ ဘာတေဆက်ဖြစ်လာမလဲ...... ပြဿနာတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရ...