Yui-အချိန်ပိုသေးတယ် ခေါင်းမိုးထပ်သွားကြမလား
Canteen ကနေ ထမင်းစားပြီးထွက်လာတော့ အချိန် ပိုနေသေးတာနဲ့ Yui စကားစလိုက်မိသည် အကုန်လုံးကထောက်ခံကြပေမယ့် Jimin က တစ်ခုခုရှာနေတဲ့ပုံ
Jk-တစ်ခုခုမေ့ကျန်ခဲ့လို့လား ဂျီမင်း
Jm-ဖုန်းမတွေ့လို့ ....
Jk-canteen ကိုယူခဲ့လို့လား ကိုယ်တော့မတွေ့မိဘူးနော်
Yui-နင့်ဖုန်းက အတန်းထဲကခုံပေါ်မှာဖြစ်မယ် ငါတွေ့မိသလိုပဲ နင်ယူမယ်ဆိုပြီး မေ့ထားခဲ့တာနေမှာ ငါသွားယူပေးရမလား
Jm-ရတယ် ငါပဲသွားယူလိုက်တော့မယ် နင်တို့အရင်သွားနှင့် လိုက်လာခဲ့မယ်
ဆိုပြီးပြေးထွက်သွားလေသည် တားချိန်တောင်မရလိုက် Jungkook လဲ စိတ်ပူစွာနဲ့လိုက်ကြည့်နေမိသည် အဲ့တာကို ရိပ်မိတဲ့ ယူအီကလဲ ဂျောင်ဂုကို တိတ်တဆိတ်ကြည့်နေမိသည် ထိုအချိန်မှာပဲ သူတို့ရဲ့အတန်းပိုင်ဆရာရောက်လာကာ
"Jungkook Yui အတော်ပဲ ဆရာနဲ့ခဏလိုက်ခဲ့ မင်းတို့ကို လုပ်ခိုင်းစရာရှိလို့ "
Yui နဲ့ဂျောင်ဂုလဲ တယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
Jk-ဟုတ် ကျွန်တော်တို့လိုက်ခဲ့ပါ့မယ်
လို့ဆိုကာ Yuiရော Jungkook ရောလိုက်သွားလေသည် မသွားခင် Yui ထယ်ယောင်းနားကပ်ကာ
Yui-တကယ်လို့ Jimin ခဏနေလို့မှပြန်မရောက်လာရင် အခန်းထဲမှာတစ်ချက်သွားကြည့်လိုက် တစ်ခုခုထူးရင် ငါ့ကိုmessage ပို့ထား ငါ့စိတ်ထဲ တမျိုးကြီးပဲ
Tae-အင်း ပို့ထားလိုက်မယ် စိတ်မပူနဲ့သွား
ယူအီလဲ Taehyung ကိုခေါင်းငြိမ့်ပြရင်း ဂျောင်ဂုနဲ့အတူတူထွက်လာခဲ့လိုက်သည်.........
တစ်ဖက်မှာလဲ ဂျီမင်း အတန်းထဲပြန်ရောက်တော့ ခုံပေါ်ကသူ့ဖုန်းကိုလှမ်းတွေ့နေရတာကြောင့် သွားယူလိုက်ရင်း ပြန်ထွက်မယ်အလုပ် စာရွက်အခေါက်လေးတစ်ခုတွေ့တာကြောင့် ဖွင့်ဖတ်လိုက်တော့
"Jimin ကျောင်းဆောင်အနောက်ဖက်မှာ စာကြည့်တိုက်အဟောင်းရှိတယ် အဲ့ရှေ့ကိုတစ်ယောက်ထဲလာခဲ့"
![](https://img.wattpad.com/cover/236516179-288-k892448.jpg)
YOU ARE READING
💟 Someone You Love 💟(Season 1)
Fanfictionသူ့ဘ၀ရဲ့အတိတ်ဆိုးတေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးနဲ့........ အဖေရဲ့ ချုပ်ချယ်မှုတေကြား လှောင်အိမ်ထဲကငှက်ကလေးပမာ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးတို့အမှတ်မထင် တွေ့ဆုံရာမှ ချစ်ကြိုက်မိသွားတဲ့အခါ ဘာတေဆက်ဖြစ်လာမလဲ...... ပြဿနာတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရ...