Part (9)

1.4K 144 24
                                    

Seokjin တစ်ယောက် မနက်အစောကြီး နိုးနေသည် အကြောင်းအရင်းကတော့ ငယ်လေးမနေ့က ဘာမှ‌ကောင်းကောင်းမစားရသေးဘူးဆိုတဲ့အသိက သူ့ကို စောစော‌နိုးလာစေတယ်ထင်တယ် ဆော့ဂျင်လဲ အိပ်ယာကထကာ ညကတည်းက ပြုတ်ထားတဲ့ ကြက်သားစွပ်ပြုတ်ကို ပြန်နွေးထားရင်း Jimin ကို ဆေးရုံ လိုက်မလားလို့ မေးဖို့ အခန်းထဲ၀င်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Jimin ကြောင့် မနိုးဘဲနဲ့ Yoongi စားဖို့ပါ တစ်ခုခုပြင်ဆင်နေတုန်း

Nj-Jin Hyung ....

Jin-အော် Namjoon ပြန်ရောက်လာပြီလား ဘယ်လိုလဲ အလုပ်ကိစ္စတွေအဆင်ပြေခဲ့ရဲ့လား

Nj-ပြေတယ် Hyung အကုန်လုံးချောချောမွေ့မွေ့နဲ့ပဲပြီးသွားတယ် ဒါနဲ့ စားစရာတွေစုံလို့ပါလား အငယ်လေးဆီသွားမလို့လား

စားပွဲခုံပေါ်က ကြက်စွပ်ပြုတ်နဲ့ ထမင်းအပြင် မနက်စာကိုပါ အစုံပြင်ထားတာတွေ့တာမို့ Namjoon မေးလိုက်မိသည်

Jin-ဟုတ်တယ် ဟိုမှာ ငယ်လေး သူငယ်ချင်းတစ်ယောက်ဆေးရုံစောင့်ပေးနေတယ်လေ အဲ့တာ သူစားဖို့ပါ ယူသွားမလို့ ဘာလုပ်ရမလဲမသိတာနဲ့ အစုံလုပ်လိုက်တာ ငယ်လေးအတွက်ကတော့ ကြက်စွပ်ပြုတ်နဲ့ထမင်းနဲ့ အစကတော့ ဆန်ပြုတ် ပြုတ်သွားမလို့ပဲ ငယ်လေးက မစားချင်ဘူးဆိုပြီး ဂျီကျနေမှာစိုးလို့

Nj-အငယ်လေးရောသက်သာရဲ့လား မနေ့ကတည်းကစိတ်ပူနေတာ ဖုန်းဆက်မလို့ကို အလုပ်တွေမပြီးသေးတာနဲ့မဆက်ဖြစ်ဘူး

Jin-သက်သာပါတယ် ခေါင်းနဲ့ကျောက ဒဏ်ရာကလွဲရင်ကျန်တာ မပြင်းထန်ဘူးတဲ့ မနေ့ကတော့ ဖျားတာဘာညာတော့မရှိဘူး

Nj-ဒါပေမယ့် ပြောလို့မှမရတာ Hyung လဲ အငယ်လေးအကြောင်းသိရဲ့သားနဲ့ ကိုယ်ခံအားနည်းတော့ အဖျား၀င်လွယ်တယ်မလား ဒဏ်ရာသေးသေးလေးရတောင် ဖျားတတ်တာဥစ္စာ အခု Hyung သွားတဲ့အချိန်ဆို သူဖျားနေလောက်ပြီ

Jin-အဲ့တာကြောင့် ညက ဆေးရုံစောင့်ပေးမလို့ပဲ ငယ်လေးသူငယ်ချင်းကစောင့်ပေးမယ်ဆိုတာကြောင့်ရော မနက်ကျ ငယ်လေးစားဖို့ ကိုယ်တိုင်လုပ်ပေးချင်တာကြောင့်ရော မို့လို့ ပြန်လာတာ အပြင်က၀ယ်ကျွေးလိုက်ရင်ရပေမယ့် အပြင်စာတွေမကျွေးချင်လို့

💟 Someone You Love 💟(Season 1)Where stories live. Discover now