Part (3)

1.8K 185 28
                                    

"သူ့ကိုမထိနဲ့ မင်းသူ့ကိုထိစရာမလိုဘူး"

Jimin အသံကြားလို့မော့ကြည့်လိုက်တော့ Minho ကိုလက်​ကောက်ဝတ်ကကိုင်ပြီး ဆွဲရမ်းကာ လက်ထဲက သေနတ်ပြုတ်ကျသွားအောင် လက်ကို ဆွဲလိမ်လိုက်ရင်း ကိုယ့်ရှေ့တွင်ပိတ်ရပ်လိုက်သည့် ကောင်လေးကြောင့် Jiminကြောင်သွားရသည် သူကအရပ်ကလဲရှည် ထွားကလဲထွားတာမို့ Jimin မြုပ်သွားကာ Minho ကိုတောင်သိပ်မမြင်ရတော့

Mh- ငါ့ဘာသာငါ သူ့ကိုထိချင်ထိမယ် မထိချင်မထိဘူး မင်းနဲ့မဆိုင်ရင်ဝင်မပါနဲ့

Jungkook စောစောကတည်းကတော်တော်စိတ်ထိန်းထားရတာပင် ရန်ဖြစ်လို့ ရုံးခန်းရောက်ရင် သူ့အဖေနဲ့ပြဿနာဖြစ်မှာစိုး၍ ငြိမ်နေခြင်းသာ ဘယ်နှယ့် သူများအာနည်းချက်ကို အကျပ်ကိုင်ပြီး အနိုင်ကျင့်နေရတယ်လို့ သူပြောသလို ဝင်မပါလို့ရပေမယ့် သူများအနိုင်ကျင့်ခံနေရတာကို ငြိမ်ပြီးကြည့်နေတတ်တဲ့ထဲမှာကိုယ်မပါ ပြီးတော့ ဒင်းအနိုင်ကျင့်နေတဲ့သူက သူသိပ်ချစ်တဲ့ အလှလေးကိုဥစ္စာ သူက ဘယ်လိုလုပ်၀င်မပါပဲနေနိုင်မှာလဲ

Jk- သူကငါ့သူငယ်ချင်းငါ့အဖွဲ့ထဲကလူ Min Yoongi squad ကလူကိုထိရင် ဘာဖြစ်တတ်လဲဆိုတာသိတယ်မလား

Jungkook စကားကြောင့် Minho နည်းနည်းတော့ လန့်မိသည် Min Yoongi squad ဆိုတာ ပထမနှစ်ထဲက တက္ကသိုလ်တစ်ခုလုံးမှာ နာမည်အကြီးဆုံးအဖွဲ့ပင် အစကတော့ တစ်ဖွဲ့လုံးက Seoul တက္ကသိုလ်ကိုအမှတ်အမြင့်ဆုံးနဲ့ ဝင်ခွင့်ရတဲ့သူတွေချည်းစုနေတာမို့ နာမည်ကြီးပေမယ့် နောက်တော့ သူတို့နဲ့  အထက်တန်းအတူတက်ခဲ့သူတချို့ရဲ့ ပြန်ပြောသံတွေအရ သူတို့အုပ်စုက အရမ်းစည်းလုံးတဲ့အပြင် သူတို့ထဲကတစ်ယောက်ကို သွားထိမိတာနဲ့ နောက်က အုပ်စုလိုက်ပြန်လုပ်တတ်တဲ့အဖွဲ့မို့ ဘယ်သူမှမထိရဲတဲ့ အုပ်စုဆိုလဲမမှားပေ

ထိုသို့ ကောလဟာလတွေကြား နာမည်အကြီးဆုံးက Min Yoongi ပင် Min Yoongi squad ဆိုတဲ့နာမည်အတိုင်း အဲ့အဖွဲ့ထဲမှာ Min Yoongi အကြမ်းဆုံးပင်  Jeon jungkook ကိုတော့သိပ်မကြောက်ပေမယ့်  Min yoongi ကိုတော့သူသေအောင်ကြောက်သည် နည်းနည်းလေးထိမိတာနဲ့ ၃ ၄ရက်လောက်မထနိုင်အောင်လုပ်တတ်သူမို့ သူမပြောနဲ့ လူတိုင်းကြောက်သည်

💟 Someone You Love 💟(Season 1)Where stories live. Discover now