part (15)

876 75 15
                                    

Jm-ခင်ဗျားအသည်းအသန်ရှာနေတဲ့ Park Jimin က သူ့ခြေထောက်နဲ့ သူထွက်လာပြီမို့ ခင်ဗျားလဲကျွန်တော့် သူငယ်ချင်းကို လွှတ်ပေးလို့ရမလား CEO Jeon Junggi

အစက‌တော့ Jin Hyung ပြန်ရောက်လာတဲ့အထိ ပုန်းနေဖို့ စဉ်းစားထားပေမယ့် jungkook အဖေပြောနေတဲ့စကားတွေအရ သူမှမထွက်လာရင် Yui ကို သတ်ပစ်တော့မှာမို့ တွေဝေနေချိန်တောင် မရပဲ ပုန်းနေရာက ထွက်လာလိုက်မိသည်

သူထွက်လာတာမြင်တာနဲ့ Jungkook က သူ့ဆီအပြေးအလွှားလာကာ

Jk-min ဘာလို့ထွက်လာတာလဲ ကိုယ်ပုန်းနေဖို့ပြောထားတယ်မလား

လို့ဆိုကာ သူ့လက်မောင်းကို ဆွဲကိုင်ကာ နှစ်ကိုယ်ကြား ကြားရုံလောက်အသံဖြင့်ပြောနေတာမို့ Jiminလဲ Jungkook မျက်နှာကိုသေချာပြန်ကြည့်ရင်း

Jm-တစ်ချို့အရာတွေက တစ်ယောက်ထဲ ဖြေရှင်းလို့မရတဲ့ အရာတွေရှိတယ်လို့ Jungkook မင့်ကို တစ်ခါပြောဖူးတယ်မလား

ထိုစကားကိုကြားလိုက်ရတော့ သူ ဂျီမင်းကို ပြောခဲ့တဲ့စကားကို ပြန်ကြားယောင်လာလေသည်
"တစ်ချို့အရာတွေက တစ်ယောက်ထဲဖြေရှင်းလို့ရသလို တစ်ချို့ အရာတွေကျတော့လဲ တစ်ယောက်ထဲဖြေရှင်းလို့မရတဲ့အရာတွေရှိတယ် အခုလို အခြေအနေမျိုးဆိုတာ တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီးမှ ဖြေရှင်းလို့ရမယ့် ကိစ္စ ဒီလိုကိစ္စမျိုးကို တစ်ယောက်ထဲဖြေရှင်းလို့ဘယ်ရပါ့မလဲ"ဆိုပြီး သူပြောခဲ့တာကို Jimin မှတ်မိနေတာလား...

Jm-ဒီလိုကိစ္စမျိုးကို တစ်ယောက်ထဲဖြေရှင်းလို့ဘယ်ရပါ့မလဲ ဟုတ်တယ်မလား Jungkook ......

Jk-min.......

Jm-Jungkook မင့်ကို အကြိမ်ပေါင်းများစွာ ကာကွယ်ပေးပြီးပြီ ဒီတစ်ခါတော့ Min ကိုယ်တိုင် ကာကွယ်ပေးပါရစေ Jungkook ......စိတ်မပူပါနဲ့ jungkookနဲ့ပက်သက်လာရင် ဘယ်အရာကိုမှကြောက်နေမှာမဟုတ်တာမို့ တစ်ယောက်ထဲ ကြိတ်ပြီးဖြေရှင်းဖို့လုပ်နေမယ့်အစား နှစ်ယောက်တူတူဖြေရှင်းရအောင် Jungkook-ah.....

သူ့လက်ကို ဆုပ်ကိုင်ကာ သူ့အဖေကို စေ့စေ့ကြည့်ပြီး ပြောနေတဲ့ Jiminရဲ့ ပုံစံကိုကြည့်ပြီး Jungkook အခုချိန်ထိ မယုံကြည့်နိုင်သေးပေ ဒါသူသိတဲ့ Jimin ရောဟုတ်ရဲ့လား ........ အမြဲ နူးညံ့ပြီး ကလေးဆန်တဲ့ပုံစံကိုသာ မြင်ခဲ့ရတာမို့ Jiminရဲ့ဒီလိုပုံစံကို မြင်ရတာ သူ့အတွက်တော့ ပထမဦးဆုံးပင် ခက်ထန်မာကျောနေတဲ့ မျက်နှာထား စူးရှတဲ့အကြည့်တွေက တခြားသူတစ်ယောက်လို့တောင်ထင်ရသည်

💟 Someone You Love 💟(Season 1)Where stories live. Discover now