Part (4)

1.6K 173 22
                                    

Jk- Yui ဘာဖြစ်နေတာလဲ  

ခေါင်းမိုးထပ်ကဆင်းလာကတည်းက canteen ​ရောက်တဲ့အထိ ဘာမှမပြောပဲငြိမ်နေတဲ့ Yui ကြောင့် Jungkook စိတ်ပူပြီး မေးလိုက်မိသည် အခုလဲ ထမင်းကို မစားပဲနဲ့ ဟိုတို့ဒီတို့လုပ်ကာ မျက်နှာတည်ကြီးနဲ့ထိုင်နေလေသည် ကြည့်ရတာ တစ်ခုခုကို စိတ်ကသီးကအောက်ဖြစ်နေတဲ့ပုံစံ

Jk-Yui...

Yui- ............

Jk-Yui!....... Yui!....

Yui- ဟင်! အင်းပြော..

Jk- ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား

Yui- ကောင်းပါတယ်

Tae-နင့်ပုံစံကြီးက စိတ်ရှုပ်နေတဲ့ပုံစံကြီးနဲ့မို့လို့လေ ဘာဖြစ်နေတာလဲ

Taehyung စကားကြောင့် Yui ဂျောင်ဂုကို တချက်မသိမသာ လှမ်းကြည့်လိုက်မိသည် ဂျောင်ဂု တစ်နှစ်လုံးလုံး သဘောကျနေတဲ့ သူက Jimin ဆိုတာ သိလိုက်ကတည်းက လူက စိတ်နဲ့ကိုယ်နဲ့မကပ်တော့ Jungkook အဲ့အလှလေးဆိုတဲ့သူကို ဘယ်လောက် သည်းသည်းလှုပ် သဘောကျလဲဆိုတာ သူသိနေ‌တာမို့ ပိုဆိုးသည်

Yoongi ကိုယ်တိုင်လဲ Yui မျက်နှာအရိပ်အကဲကို လိုက်ကြည့်နေမိသည် စောစောက ဂျောင်ဂုက အပျော်လွန်နေလို့ မမြင်လိုက်ပေမယ့် Yui Jungkook ကိုလှမ်းကြည့်လိုက်တဲ့အကြည့်တွေက မသိရင် တစ်ခုခုကို မကျေနပ်သလိုမျိုး Jimin နဲ့မိတ်ဆက်ပေးနေတုန်းကလဲ အဲ့အတိုင်းပင်

ကြည့်ရတာ Yui လဲ Jimin ကို သဘောကျနေတယ်နဲ့တူတယ် အစကတော့ Jungkook ကို အသိပေးမလို့လုပ်ပေမယ့် သူတစ်ချက်စောင့်ကြည့်ချင်သေးသည် Yui ဘယ်လိုလုပ်မလဲဆိုတာကိုပေါ့

လူတစ်‌ယောက်ရဲ့ အတွင်းစိတ်ကောင်းလားမကောင်းလားဆိုတာ အချစ်နဲ့ ဆုံးဖြတ်လို့ရတယ်လို့ သူ့ဦးလေးပြောဖူးသည် တစ်ချို့က သိပ်ချစ်ပေမယ့် နောက်ဆုတ်ပေးကြသလို တစ်ချို့ကလဲ ညစ်ပတ်တဲ့စိတ်နဲ့ မစားရတဲ့အမဲသဲနဲ့ပက်သလိုမျိုးလုပ်တတ်ကြသည် တချို့ကျတော့လဲ သူပဲပိုင်ဆိုင်ရမယ်ဆိုတဲ့ အတ္တစိတ်နဲ့ ယုတ်မာကြတာမျိုး ဘယ်လောက်ပဲ အရင်က ကောင်းနေတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အချစ်က လူတိုင်းရဲ့စိတ်ကိုပြောင်းလဲစေတာမို့ သေချာ အကဲခတ်ဖို့ ကိုယ်ကိုတိုင်လဲ အချစ်ကြောင့်နဲ့ မကောင်းတဲ့လူ‌တစ်ယောက် အဖြစ် မပြောင်းလဲသွားစေဖို့ ဦးလေးက သူ လူပျိုပေါက်အရွယ်ရောက်လာတဲ့အချိန်ကစပြီး အမြဲဆုံးမခဲ့သည်

💟 Someone You Love 💟(Season 1)Where stories live. Discover now