Yui ကျောင်းဆောင်အနောက်ဘက်ရောက်ရောက်ချင်း Jimin တို့ကိုရှာမိသည် ထို့နောက် မျက်လုံးထောင့်ကနေမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခု Lee Minho က Jimin ကိုနမ်းနေတဲ့မြင်ကွင်း ထိုမြင်ကွင်းကြောင့် Yui လဲဒေါသထွက်ကာ Jimin ကိုအော်ခေါ်မယ်အလုပ်.....
Yui- Jimi............အု!!!!
ရုတ်တရက် အနောက်ကနေ လူတစ်ယောက်ကပါးစပ်ကိုလက်နဲ့တင်းနေအောင်ပိတ်ထားကာ နောက်ထပ်တစ်ယောက်က သူ့လက်တွေကို နောက်ပြန်ချုပ်ထားကာ တစ်နေရာရာသို့ အတင်းဆွဲခေါ်သွားလေသည် Yui အတင်းနင်းကန်ရုန်းသော်လည်းမရ နှစ်ယောက်တစ်ယောက်ဖြစ်တဲ့အပြင် ခန္ဓာကိုယ်က ကိုယ်ထက်နှစ်ဆလောက်ကြီးနေတာမို့ ဘယ်လိုမှရုန်း၍မရပေမယ့် မရမကရုန်းနေမိသည် သူ Jimin ကိုကယ်ရအုံးမည် အခုချိန်မှာ Jimin သူ့ကိုလိုအပ်နေသည်မလား
စတိုခန်းတစ်ခုလို့ထင်ရတဲ့ နေရာတစ်ခုရောက်တော့ သူ့ကို လွှတ်ပေးကာ အခန်းထဲတွန်းထည့်လိုက်တာကြောင့် နောက်ခုံတေနဲ့ ကျောနဲ့ဆောင့်မိသွားလေသည် စာသင်ခန်းတစ်ခန်းရဲ့ တ၀က်လောက်ပဲရှိတဲ့ အကျယ်အ၀န်း၊ပြီးတော့ ပြတင်းပေါက်မရှိ ဖုန်တွေအပြည့်နဲ့ ထိုင်ခုံနဲ့စားပွဲခုံတွေ ပြီးတော့ အားကစားပစ္စည်းတချို့ဖြင့်သာပြည့်နက်နေလေသည် နောက်တော့ လူတစ်ယောက်ဝင်လာလို့ကြည့်လိုက်တော့ သူရဲ့ ရန်သူတော်ကြီး Lee Taemin
Tm- Long time no seeနော်Kim Yui shi..
Yui- ဟက် နင်လို့တော့ထင်သားပဲ နင်ငါ့ကို အဲ့လောက်တောင် ရှိန်တာလား လူတောင်ခေါ်သုံးရတယ်ဆိုတော့လေ
Tm- မဟုတ်ပါဘူး ငါနင့်အတွက်လက်ဆောင်ပြင်ဆင်နေလို့ နင့်ကိုလာခေါ်မအားလို့ လူလွှတ်လိုက်တာပါ ဘာလဲ ကိုယ်လာမခေါ်လို့ စိတ်ဆိုးသွားတာလား
လို့ဆိုကာ သူ့ကို မထိတထိလာလုပ်နေတာမို့ Yui Lee taemin ကို တွန်းထုတ်လိုရင်း
Yui- လဲသေလိုက်....... ငါ့မှာအဲ့လိုဖြစ်နေဖို့အချိန်မရှိဘူး Lee Taemin ငါနဲ့စာရင်းရှင်းစရာရှိရင်နောက်ရက်မှ ရှင်း ဖယ်.....
Yui Taemin ပခုံးကိုတိုက်ကာ အပြင်ဘက်ထွက်မယ်အလုပ် ရှေ့ကလာပိတ်တဲ့လူနှစ်ယောက်
YOU ARE READING
💟 Someone You Love 💟(Season 1)
Fanficသူ့ဘ၀ရဲ့အတိတ်ဆိုးတေထဲမှာ ပိတ်မိနေတဲ့ ကောင်လေးနဲ့........ အဖေရဲ့ ချုပ်ချယ်မှုတေကြား လှောင်အိမ်ထဲကငှက်ကလေးပမာ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးတို့အမှတ်မထင် တွေ့ဆုံရာမှ ချစ်ကြိုက်မိသွားတဲ့အခါ ဘာတေဆက်ဖြစ်လာမလဲ...... ပြဿနာတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရ...