Part (1)

3.8K 224 10
                                    

သာယာတဲ့နေ့လေး တစ်နေ့တွင် Seoul မြို့၏ ဘဏ်တစ်ခု၌ ပိုက်ဆံထုတ်ရန် စောင့်ဆိုင်းနေသော သားအမိနှစ်ယောက်....  အလှည့်ရောက်လာပြီမို့ အမေဖြစ်သူကထကာ

"သားဒီမှာစာအုပ်ဖတ်ပြီး ခဏထိုင်စောင့်နေနော်"

"Nae... Omma"

အမေမှာထားတဲ့အတိုင်း သူအကြိုက်ဆုံးစာအုပ်လေးကို ဖတ်ကာ ထိုင်စောင့်နေတုန်း အိတ်အကြီးတစ်လုံး ကိုင်ကာ ဝင်လာသော လူကြီးတစ်ယောက်က counter မှာရပ်နေတဲ့ သူ့အမေကိုတွန်းထုတ်ကာ အိတ်ကို counter ပေါ်တင်လိုက်ပြီးသေနတ်ထုတ်ကာ counter ကလူကြီးတစ်ယောက်ကို ချိန်လိုက်ရင်း

" ရှိသမျှ ပိုက်ဆံတေအကုန် ဒီအိတ်ထဲကိုလာထည့် ရဲခေါ်တဲ့ Alarm ကို နိုပ်လို့ကတော့ အကုန်လုံးကို ပစ်သတ် ပစ်မယ်!!!!"

ဘဏ်က နေ့ခင်းဘက်ဖြစ်တာကြောင့် လူရှင်းနေကာ ကောင်လေးရယ် ကောင်လေးအမေရယ် ရုံးဝန်ထမ်းတွေရယ်ကလွဲပြီး ဘယ်သူမှမရှိ အမေဖြစ်သူကလဲ စောစောက တွန်းထုတ်ခံထားရတာ ကြောင့် ကြမ်းပြင်ပေါ်လဲလျက်......

Counter ကလူကြီးကလဲ ကြောက်ကြောက်ဖြင့် ငွေတစ်အုပ် ထည့်ပေးလိုက်တော့ ဓားပြကစိတ်မရှည်တော့ကာ ထိုလူကြီးအား ပစ်သတ်လိုက်တာကြောင့် ကောင်လေးလဲ နားနှစ်ဖက်ကို တင်းကျပ်နေအောင်ပိတ်ထားလိုက်မိသည် ပြီးနောက် ထိုဓားပြက ဝန်ထမ်းကောင်မလေးတစ်ယောက်ကို ချိန်ထားကာ

"Alarm ကိုနိုပ်ဖို့မကြိုးစားနဲ့ နိုပ်တာနဲ့ နောက်တစ်ယောက်ကို ထပ်ပစ်လိုက်မှာနော် !!!!"

ဒီတစ်ခါတော့ လဲကျနေတဲ့သူ့အမေကိုချိန်ကာပြောနေတာကြောင့် ဘာမှတွေဝေမနေပဲ စာအုပ်ကိုပစ်ချကာ သေနတ်ကိုင်ထားတဲ့ လက်ကို ဆွဲကိုက်လိုက်တာကြောင့် သေနတ်အောက်ပြုတ်ကျသွားကာ ဓားပြကလဲ သူ့လက်ကိုက်ခဲခံထားရတာကြောင့် အာခေါင်ခြစ်ကာ အော်တော့သည်

"အား!!!!!! လွှတ်စမ်း စောက်ကလေး!!! "

လို့ဆိုကာ ဓားပြက ကောင်လေးလက်ကို ဆွဲရမ်းလိုက်တာကြောင့် ကောင်တာ ခုံစောင်းနဲ့ဆောင့်မိလေသော်လဲ ထိုကောင်လေးခင်ဗျာ နာချိန်တောင်မရ ရှေ့ကသေနတ်ကို ဟိုလူကြီးမယူခင် ဆွဲယူလိုက်ကာ ရင်ခွင်ထဲပိုက်ထားမိတော့ ဓားပြကလဲ ကောင်လေးဆီ ဒေါသတကြီး ပြန်လာကာ သေနတ်ကိုပြန်လုလေသည်

💟 Someone You Love 💟(Season 1)Where stories live. Discover now