Part (11)

1K 99 10
                                    

Jin-နှစ်ယောက်လုံး ကျောင်းမှာသေချာဂရုစိုက်ကြနော် နောက်တစ်ခါ အခုလိုမျိုးထပ်မဖြစ်စေနဲ့ကြားလားhyung ကိုစိတ်ပူရအောင်ထပ်မလုပ်ကြနဲ့

JM & Yui- ဟုတ်ကဲ့!!!

Seokjin တစ်ယောက် မနက်စာထိုင်စားနေတဲ့ကလေးနှစ်ယောက်ကို မှာတမ်းခြွေ‌‌နေမိသည် ကိုယ်မှာချစ်စရာဆိုလို့ ဒီကလေးနှစ်ယောက်ပဲရှိတာ သူတို့တစ်ခုခုဖြစ်ရင် ကိုယ်ပဲရင်ကျိုးရမှာ ပြီးတော့ မနေ့က CEO Lee ပြောသွားတဲ့စကားတွေကြောင့် စိတ်ထဲထင့်နေမိသည် ငယ်လေးကိုလဲ အခုချိန်ထိဘာမှမပြောရသေးပေ ဘယ်ကနေ စပြီးပြောရမလဲဆိုတာ စဉ်းစားမရ.....

Jin- Jimin လေးကပိုပြီးဂရုစိုက် Toiletသွားတာကလွဲလို့ ဘယ်နေရာမှ ဘယ်သူခေါ်ခေါ် တစ်ယောက်ထဲမသွားနဲ့ ကြားလား လူကပိစိလေး တကိုင်ပေါက်စာပဲရှိတာ

Jm-hyung ကလဲ~~~

Jin-hyung ပြောတာမဟုတ်လို့လား ဘာပဲဖြစ်ဖြစ်ဂရုစိုက် နှစ်ယောက်လုံးပဲ ငယ်‌လေးလဲ Jimin ကို သေချာဂရုစိုက်အုံးနော်

Yui- ဟုတ် Hyung ဒါနဲ့ မနေ့က CEO Lee နဲ့ ကိစ္စ ဘယ်လိုဖြစ်သွားလဲ

Jin-hyung လဲ အဲ့တာပြောမလို့ Hyung အထင် Lee gp နဲ့ Hyung တို့နဲ့ အရင်လိုပြန်ဖြစ်တော့မယ် ထင်တယ်

Yui-ဘာလို့လဲ CEO Lee က မကျေနပ်ဘူးတဲ့လား သူဘက်ကမှားပြီးတော့

Jin-အစထဲက အကျင့်ကောင်းတဲ့သူမှမဟုတ်တာ ငယ်လေးကို ထိခိုက်မှာစိုးလို့သာ Hyung သူတို့ကို ကူညီပေး‌ပြီး ကိုယ့်ဘက်ပါအောင်လုပ်ထားတာလေ သူတို့ဘက်ကအရင်လာထိမှတော့ ဘယ်တတ်နိုင်ပါ့မလဲ တခြားအရာတွေ စိတ်မပူပေမယ့် ငယ်လေးကို ပစ်မှတ်ထားနေတာကို Hyung စိတ်ပူတာ.....

Yui-ငယ်လေးကို စိတ်မပူလဲဖြစ်ပါတယ်hyungရယ် ငယ်လေးအကြောင်း Hyung လဲ သိတာပဲဟာ

Jin-သိလို့ စိတ်ပူတာပေါ့ ငယ်လေးရယ် ငယ်လေးသာ တစ်ခုခုဖြစ်သွားရင် Hyung တကယ် ရင်ကျိုးမှာ 

သူ့မျက်နှာလေးကို ခပ်ဖွဖွ ကိုင်ကာ စိုးရိမ်မှုအပြည့်နဲ့ပြောလာတဲ့ Jin Hyung ကြောင့် Yui နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည် စိတ်မပူနဲ့လို့သာ ‌အမြဲပြောနေတာ ပြီးရင် သူပဲ တစ်ခုမဟုတ် တစ်ခုဖြစ်ကာ Hyung ကို အမြဲစိတ်ပူအောင် လုပ်နေခဲ့မိတာမို့ Yui လဲ စိတ်ပူနေတဲ့ Hyung ကို ပိုပြီးစိတ်မပူစေချင်တာကြောင့် ပြုံးလိုက်ရင်း သူ့ပါးပေါ်က Jin Hyung လက်လေးကိုကိုင်လိုက်ကာ

💟 Someone You Love 💟(Season 1)Where stories live. Discover now