🌺နှောင်တွယ်ရစ်သောကြိုး🌺
Seme-ခန့်တည်နိုင်။
Uke-ထက်ကောင်းကင်။Semeနဲ့Uke ဘာမှမဘာပဲ ကလေးမွေး🥴။
Introကဒါပါပဲ😂။
………………………………………………………Fic start❣️
"နောက်တစ်ယောက် ထက်ကောင်းကင်"
"ဟုတ် လာပါပြီခင်ဗျ"
ကောင်းကင် အကျီ င်္ကိုသေချာပြုပြင်ပြီး
အင်တာဗျူးသည့် အခန်းသို့ဝင်လာခဲ့သည်။
သာမန်မိသားစုတစ်ခုက ဆင်းသက်လာသည်မို့
ကိုယ်ပိုင်လုပ်ငန်းဟူ၍မရှိ။
ယခုလဲ ကုမ္မဏီတစ်ခုတွင် ပထမဦးဆုံးအကြိမ် အလုပ်လာလျှောက်ခြင်း။"နာမည်က ထက်ကောင်းကင်နော်"
"ဟုတ်ပါတယ်ခင်ဗျ"
အထက်လူကြီးဖြစ်ဟန်တူသည့် အမျိုးသားတစ်ဦးက
ကောင်းကင်ရဲ့ ကိုယ်ရေးအကျည်းကိုဖတ်နေသည်။
ကောင်းကင်စိတ်လှုပ်ရှားစွာပဲ ထိုင်နေရသည်။"ဒီကုမ္မဏီမှာ အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်လေးသိလို့ရမလား"
"ဟုတ်ကဲ့ခင်ဗျ ဒီနေရာမှာ ကျနော်အကောင်းဆုံးလုပ်ဆောင်ချင်လို့ပါ အတွေ့အကြုံတွေအများကြီးရမယ်လို့လဲ မျှော်လင့်မိပါတယ်"
"ခဏနေ အဖြေသိရမှာမို့
သွားနိုင်ပါပြီ""ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ"
ကောင်းကင်အင်တာဗျူးအခန်းထဲမှထွက်လာခဲ့သည်။
တခြားသူတွေတစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြပြီး
အဖြေသိရဖို့ ရင်တထိတ်ထိတ်စောင့်နေရပြန်သည်။ကောင်းကင်အရွယ်ရောက်ပြီမို့ မိသားစုကိုပြန်ကြည့်ရတော့မည်မဟုတ်လား။
ကောင်းကင်မှာမိသားစုလေးယောက်ရှိသည်။
ဖေဖေ မေမေနဲ့ကောင်းကင်တို့ အမွှာမောင်နှမနှစ်ယောက်။
ဖေဖေကလဲ သူ့အသိကုမ္မဏီမှာ သင့်တော်သည့်ရာထူးနှင့်အလုပ်ဝင်သည်။ကောင်းကင်ရဲ့အမွှာအမက ကျောင်းနောက်ဆုံးနှစ်မှာ
မဟာတန်းပါတာမို့ ကျောင်းဆက်တက်နေသည်။
ကောင်းကင်ကရိုးရိုးပဲကျောင်းပြီးတာမို့ ဆက်မတက်။
သင်တန်းလေးဘာလေးတက်ပြီး အလုပ်လျှောက်ဖြစ်သည်။
မမက အလုပ်လုပ်ရင်း ကျောင်းတက်မည်ပြောပေမဲ့
ဖေဖေနဲ့ကောင်းကင်ကလက်မခံပါ။
မေမေကတော့ အိမ်မှာ အထည်ချုပ်သည်။