နေ့လည်အထိ အိမ်ထဲပြန်ရောက်မလာသည့် အကို့ကြောင့်
စိတ်ဆိုးသွားပြီဟုထင်ကာ ကောင်းကင်ဝမ်းနည်းရသည်။
ဆေးသောက်ပြီး နားနေခိုင်းတာမို့ အခန်းထဲပြန်လာရသော်လည်း
အကိုက အခုထိလိုက်မလာခဲ့။မနေနိုင်သည့် ကောင်းကင်ကပဲ အခန်းထဲကပြန်ထွက်လာရသည်။
အကိုမနက်စာမှစားခဲ့ရဲ့လားမသိ။
မနက်ကလဲ ကိုယ့်ကိုပဲဂရုစိုက်နေတော့မမေးမိခဲ့။
နေ့လည်တောင်ရောက်ပြီဆိုတော့ နေ့လည်စာစားခိုင်းရအုံးမည်။အိမ်ရှေ့သို့ဖြေးဖြေးလာခဲ့ရင်း တံခါးကိုကွယ်ကာ အရင်ဆုံးရှာကြည့်မိသည်။
သမီးငယ်ပူဆာလွန်းလို့ ဝယ်ပေးထားသည့် သစ်သားဒန်းပေါ်တွင် အကိုကမှီကာထိုင်နေသည်။"အကို"
ခေါ်သော်လည်း ပြန်မထူး။
အနားအထိတိုးလာခဲ့ပြီးကြည့်တော့ ဒန်းပေါ်တွင်အိပ်ပျော်နေတာတွေ့ရသည်။
ဇတ်နာကုန်တော့မှာပဲဒီအကိုနဲ့တော့။
ဘေးနားဝင်ထိုက်ကာ ခေါင်းကိုပုခုံးပေါ်မှီစေလိုက်သည်။"အာ……ကောင်းကင်"
"အိပ်ချင်တာကို အထဲမလာဘဲနဲ့"
"sorry ကိုယ်ညကအိပ်တာနောက်ကျလို့
ဗိုက်ဆာပြီလား ဆန်ပြုတ်လေးပြန်နွှေးပေးမယ်လေ""အကိုဘာစားပြီးပြီလဲ"
"ကိုယ်ကကောင်းကင်ကိုမြင်နေရတာနဲ့ဗိုက်ပြည့်နေပြီ
လာ နေ့လည်ပြင်ပေးမယ်""နေပါအုံး…အခုမှအိပ်ထားတာကို ခဏနေမှစားလဲရတယ်"
"ဒါဆို ကောင်းကင်ပေါ်ကိုယ်အိပ်လို့ရမလား"
"မရ……"
အပြောတောင်မဆုံးသေးခင်ပဲ ပေါင်ပေါ်ခေါင်းအုံးထားပြီဖြစ်သည်။
အကိုကတကယ်ဆိုးလွန်းတယ်။"အကိုပြန်သွားပြီထင်နေတာ"
"မပြန်ပါဘူး ဘာလို့ပြန်ရမှာလဲ"
"ကျနော်ပြောလိုက်လို့စိတ်ဆိုးသွားတယ်ထင်တာ"
"ကောင်းကင်ရယ် ကိုယ်ကချစ်ရတဲ့သူပါ
မင်းလေးဘာပြောပြောစိတ်မဆိုးဘူး ကောင်းကင်စဉ်းစားနေတာတွေကိုလဲ ကိုယ်သိတယ် ပြီးတော့ ကောင်းကင်ကိုယ့်ကိုသဘောကျတယ်ဆိုတာလဲသိတဟ် ဒါပေမဲ့ ကောင်းကင်ပါးစပ်ကဖွင့်ပြောမှ ကိုယ်ပျော်ချင်တာ……ကောင်းကင်ဘာပဲဖြစ်ဖြစ် ကိုယ်ကမြတ်နိုးပေးနိုင်တယ်ဆိုတာတော့ ယုံထား"
ВЫ ЧИТАЕТЕ
Любовные романыBL(1.9.2020)